အာဆင်နယ်အသင်း ကစားသမားဟောင်း နဲ့ လက်ရှိ ဘောလုံး သုံးသပ် ပညာရှင် ပေါလ်မာဆွန်က မန်ယူအသင်းရဲ့ ဗန်ဒီဘီကို ခေါ်ယူမှုဟာ ဘယ်သူ့ကိုမှ မခေါ်ရသေးတာကြောင့် ခေါ်ယူလိုက်ရတဲ့ ပုံစံ ဖြစ်ပြီး အထိတ်တလန့် ခေါ်ယူမှု ဖြစ်ပါတယ်လို့ DailyStar သတင်းမှာ ဝေဖန်သွားခဲ့ပါတယ်။ အသက် (၂၃) နှစ်အရွယ် ကွင်းလယ်လူ ဗန်ဒီဘီအနေနဲ့ အေဂျက်အသင်းကနေ မန်ယူအသင်းကို ပေါင် (၃၉) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး မန်ယူအသင်းရဲ့ ကွင်းလယ်မှာ နေရာရဖို့အတွက် မန်ယူ ကွင်းလယ်လူ ပေါ့ဘာ၊ ကွင်းလယ်လူ ဖာနန်ဒက်စ်တို့နဲ့ တိုက်ပွဲဝင် သွားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

မန်ယူအသင်းဟာ လက်ရှိရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ တောင်ပံနေရာကို ထပ်မံပြီး အင်အားထပ်ဖြည့်ချင်တာမို့ ဒေါ့မွန်အသင်းရဲ့ တောင်ပံလူ ဆန်ချို နဲ့ အက်စတွန်ဗီလာအသင်းရဲ့ တောင်ပံ နဲ့ ကွင်းလယ် ကစားသမား ဂရီလစ်ချ်ကို ခေါ်ယူဖို့အတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်း ကစားသမားဟောင်း ပေါလ်မာဆွန်က မန်ယူအသင်းအနေနဲ့ ကွင်းလယ်လူ ဗန်ဒီဘီကို ပေါင် သန်း (၄၀) နီးပါးနဲ့ ခေါ်ယူခဲ့တာကို နားမလည်နိုင်ကြောင်း နဲ့ အခြားနေရာတွေမှာ ကစားနိုင်တဲ့ ကစားသမားသစ်ကို ခေါ်ယူသင့်ပါတယ်လို့ ဝေဖန် အကြုံပြုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

Daily Star သတင်းမှာ ပေါလ်မာဆွန်က “ဗန်ဒီဘီက မန်ယူအသင်းမှာ အထိတ်တလန့် ခေါ်ယူမှုနဲ့ တူနေပါတယ်။ ကျွန်တော် ဒီခေါ်မှုကို လုံးဝ နားမလည်ပါဘူး။ မန်ယူအသင်းက ကောင်းနေပြီးသား နေရာအတွက် ပေါင် သန်း (၄၀) အသုံးပြုခဲ့တယ်။ ဗန်ဒီဘီအနေနဲ့ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့တွေနဲ့ ဘယ်လို ကစားသွားမလဲ။ မန်ယူအသင်းက အခြားနေရာမှာ ကစားနိုင်မယ့် ကစားသမား တစ်ဦးပဲ ခေါ်ယူသင့်ပါတယ်။ ဗန်ဒီဘီရဲ့ ခေါ်ယူမှုက “အို ဟုတ်သားပဲ။ ငါတို့ မန်ယူအသင်းက ဘယ်သူကိုမှ မခေါ်ရသေးဘူး။ သွားပြီး တစ်ယောက် ခေါ်ရအောင်။ ဘယ်သူကို ခေါ်ရင်ကောင်းမလဲ” ဆိုတာနဲ့ တူနေပါတယ်”လို့ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စကို ဝေဖန်သွားလိုက်တာပဲ ဖြစ်ပါတယ်။