မန်ယူ ကစားသမားဟောင်း ပေါလ် ပါကာက မန်ယူအသင်းအနေနဲ့ ကွင်းလယ်လူ ပေါ့ဘာကို ရောင်းသင့်ပြီး သူ့ရဲ့ အေးဂျင့် ရိုအိုလာနဲ့ပါ အဆက်အသွယ် ဖြတ်ရမယ်လို့ ပြောသွားပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ မန်ယူအသင်းကနေ ထွက်ပြီး စိန်ခေါ်မှု အသစ်ရှာဖွေချင်တယ်လို့ ပြောပြီးနောက်ပိုင်း သူ့ရဲ့ အေးဂျင့် ရိုင်အိုင်လာက မန်ယူအသင်းကို ဖိအားပေးလာခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ ပေါ့ဘာကို (၂၀၁၉-၂၀) ရာသီမှာ မန်ယူအသင်းအတွက် ကစားဖို့ နားချနိုင်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ပေါ့ဘာကတော့ ဒဏ်ရာကြောင့် ပွဲကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ပေါ့ဘာဟာ (၂၀၂၀) ခုနှစ်အစ ဇန်နဝါရီလမှာ ဒဏ်ရာ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး သူ ဘယ်အချိန်မှာ လေ့ကျင့်ရေး အပြည့်အဝ ပြန်ဆင်းနိုင်မလဲ ဆိုတာကိုတောင် မသိရေးသေးလျက် ဖြစ်ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းကနေ ထွက်သွားမယ် ဆိုရင် သူ့ကို စိတ်ဝင်စားနေကြတဲ့ ဂျုဗင်တပ်အသင်း ဒါမှမဟုတ် ရီးရဲလ်အသင်း၊ တစ်သင်းသင်းကို ပြောင်းသွားနိုင်ချေ အလွန် များပါတယ်။ အေးဂျင့် ရိုင်အိုလာက ပေါ့ဘာအနေနဲ့ ဂျုဗင်တပ်အသင်းကို ပြန်သွားနိုင်တယ်လို့ ပြောခဲ့ဖူးပြီး မန်ယူ ကစားသမားဟောင်း ပါကာကတော့ ပေါ့ဘာကို ရောင်းသင့်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

ပေါလ် ပါကာက “အရာအားလုံး ရပ်တန့်သင့်ပါပြီ။ အဲဒီလောက်ကို ရိုးရှင်းတာပါ။ မန်ယူအသင်းအနေနဲ့ ရောင်းချဖို့ပဲ လိုတာပါ။ ပေါ့ဘာ ပြန်ကစားမလား ဆိုတာက အရေးမကြီးပါဘူး။ အဲဒါကို စောင့်မနေပါနဲ့။ အခု သူ့ကို ရောင်းထုတ်ရမယ်။ သူနဲ့ အတူ သူ့ရဲ့ အေးဂျင့်ကို အဆက်အသွယ် ဖြတ်ရပါမယ်။ သူ့ရဲ့ အေးဂျင့်က အကြောင်းအရာ အများကြီး ပြောပါတယ်။ ပေါ့ဘာအနေနဲ့က ဘာမှကို မပြောခဲ့တာပါ။ ပေါ့ဘာမှာ ပြန်ကစားဖို့ နဲ့ စံချိန်တွေ ဆက်တိုက် တင်နိုင်ဖို့ အခွင့်ရေး လုံလုံလောက်လောက်ရှိခဲ့ပါတယ်။ တကယ်လို့ သူ ရှေ့ထွက်လာပြီး အသင်းက ထွက်ချင်တယ်ပြောရင် ပို လေးစားဖို့ ကောင်းမှာပါ။ ဘောလုံးကစားသမား မဟုတ်တဲ့ အေးဂျင့်က သူ့အတွက် မလုပ်ပေးသင့်ဘူး။ ပရိသတ်တွေကတော့ သူ့ကို စိတ်မဝင်စားတော့ပါဘူး”လို့ ပြောခဲ့ပါတယ်။