အသက်အရွှယ်အရ ငယ်ရွယ်သေးပေမယ့်လည်း အသက်နဲ့မလိုက်အောင်ကို ဘောလုံးပညာပိုင်းမှာ ထူးခြားကောင်းမွန်လှလို့ အချိန်တိုလေးအတွင်းမှာပဲ ကလပ်အသင်းကြီးပေါင်းများစွာရဲဲ့ စိတ်အာရုံကို ဖမ်းစားလာနိုင်ခဲ့တဲ့ ဆန်ဒါးလန်းအသင်းရဲ့ ဆယ်ကျော်တိုက်စစ်ကစားသမားလေး ဂျိုးဟာဂယ်ကို ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ကနေ အပြိုင်ကိုစိတ်ဝင်စားနေကြပြီး နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ယူနိုက်တက်အသင်းက ဟာဂယ်ကို ရယူနိုင်ဖို့ ပိုနီးစပ်နေတယ်လို့ သိရပါတယ်။

Photo Credit : Evening Standard

အသက်(၁၆)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်တိုက်စစ်ကစားသမားလေး ဂျိုးဟာဂယ်ဟာ ဆန်းဒါလန်းလူငယ်အသင်းအတွက် မကြာသေးခင်ကမှ ပွဲထွက်ထားခဲ့ရတာဖြစ်ပြီး ပွဲပေါင်း(၇)ပွဲသာ ကစားထားခဲ့ရပေမယ့် သူရဲ့တောက်ပလှတဲ့ခြေစွမ်းတွေကိုတော့ ပြသထားနိုင်ခဲ့လို့ ယူနိုက်တက် စပါးအသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ ဟာဂယ်ကို စပါးအသင်းဘက်ကနေ စတင်စိတ်ဝင်စားခဲ့တာဖြစ်ပြီး ကင်းထောက်တွေစေလွှတ်ကာ ဟာဂယ်ရဲ့ခြေစွမ်းတွေကို စောင့်ကြည်ခဲ့ပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်က စပါးအသင်းထက် ဟာဂယ်ကို ပိုင်ဆိုင်နိုင်ဖို့ ပိုပြီးတော့ကို အခြေအနေကောင်းလို့နေပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ချန်ပီယံရှစ်အသင်းဖြစ်တဲ့ ဆွမ်ဆီးကနေ ဝေးလ်စ်တောင်ပံကစားသမားလေး ဒင်နီရယ်ဂျိမ်းစ်ကို အသင်းဆီ ခေါ်ဆောင်နိုင်ခဲ့သလို လတ်တလောမှာလည်း ဘာမင်ဂမ်စီးတီးအသင်းရဲ့ အသက်(၁၆)နှစ်အရွှယ် လူငယ်ကစားသမားလေး ဂျိတ်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ကိုပါ အသည်းအသန် ကြိုးပမ်းလို့နေပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က ယူနိုက်တက်ထက် ဒေါ့မွန်အသင်းကိုသာ ရွေးချယ်ဖွယ်ရှိနေတာကြောင့် ဟာဂယ်ဘက်ကို မြှားဦးလှည့်လာတာဖြစ်ကာ ဟာဂယ်ရဲ့ ဆန်းဒါလန်းအသင်းဖော်ဖြစ်တဲ့ လိုဂန်ပိုင်းကိုလည်း စောင့်ကြည့်လျက်ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်နွေစျေးကွက်မှာတော့ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုနဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂါရီးလစ်ရှ်တို့(၂)ဦးကို ဦးစားပေးခေါ်ယူဖွယ်ရှိနေပါတယ်။