မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူတို့ရဲ့နွေရာသီအဓိကပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ပေမယ့်လည်း နောာက်ထပ်လူငယ်ကြယ်ပွင့် ကစားသမားလေးတစ်ယောက်ဖြစ်တဲ့ လာမာစီယာအကယ်ဒမီထွက် ဘာစီလိုနာ လူငယ်တိုက်စစ်မှူးလေး အန်ဆူဖာတီကို အရခေါ်ယူသွားဖို့ ယူနိုက်တက်အသင်းရဲ့အမှုဆောင်ချုပ် အက်ဝက်ဒ်ဝုဒ်ကိုယ်တိုင်ကပါ ပစ်မှတ်ထားလာခဲ့ပြီး ကစားသမားလေးရဲ့စာချုပ်လျော်ကြေးအတိုင်းပါ ကမ်းလှမ်းလာနိုင်တဲ့ နာမည်ကျော်စပိန်သတင်းစာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : DW

အသက်(၁၇)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် စပိန်လူငယ်တိုက်စစ်ကစားသမားလေး အန်ဆူဖာတီဟာ ဒီနှစ်ရာသီအစမှာပဲ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့တာဖြစ်ပြီး အသင်းအတွက် အထူးခြေစွမ်းပြသခဲ့တာကြောင့် သူ့ကို စပိန်လက်ရွေးစင်အသင်းအတွက်ကိုပါ ရွေးချယ်ခံခဲ့ရပါသေးတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသထားခဲ့တဲ့ လူငယ်ကြယ်ပွင့်လေးဖာတီကို ယူနိုက်တက်အသင်းဘက်ကနေ စိတ်ဝင်စားလျက်ရှိနေပြီး ကမ်းလှမ်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဘာစီလိုနာဘက်ကနေ ငြင်းဆန်ပယ်ချထားခဲ့ပြီး ဖာတီကို လုံးဝရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ တုန့်ပြန်ထားခဲ့ပါတယ်။

Photo Credit : Teamtalk

ဒါပေမယ့် လတ်တလောမှာ ဖာတီက သူရဲ့အေးဂျင့်ကို ပြောင်းလဲခဲ့တဲ့အပြင် ဘာစီလိုနာအသင်းမှာလည်း နည်းပြအပြောင်းအလဲလည်း ဖြစ်ထားခဲ့တာကြောင့် နည်းပြသစ်ရော်နယ်ကိုးမန်းရဲ့လက်အောက်မှာ ဖာတီက ပွဲထွက်ကစားခွင့်တွေ များများစားစား ရရှိနိုင်ပါ့မလားဆိုတာကလည်း မသိရှိရသေးတာကြောင့် ဖာတီရဲ့အနာဂတ်က မသေချာမှုတွေနဲ့သာ ရှိနေရပါတယ်။ ဒီလိုအနေအထားရှိလို့နေတဲ့ ဖာတီကို ယူနိုက်တက်အသင်းကနေ နောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပြီး ဆန်ချိုကို အရမခေါ်ယူနိုင်ခဲ့ပေမယ့် ဖာတီအတွက် ဘာစီလိုနာဘက်ကနေ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်လျော်ကြေး ပေါင်(၁၅၃)သန်းနဲ့ပါ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာဖွယ် ရှိနေတယ်ဆိုပြီး စပိန်ဘက်ကနေ မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဖာတီရဲ့ပြောင်းရွှေ့ကြေးက ယူနိုက်တက်ရဲ့တခြားပစ်မှတ်ဖြစ်တဲ့ ဆန်ချိုရဲ့ကြေးထက် မြင့်မားနေတယ်ဆိုပေမယ့်လည်း ဆန်ချိုရဲ့လုပ်ခလစာထက် နည်းပါးနေတာကြောင့် ဆန်ချိုထက်လည်း အသက်ငယ်ရွှယ်သူဖြစ်ပါတယ်။ ဖာတီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်းအတွက် စပိန်လာလီဂါမှာ (၂၄)ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး(၇)ဂိုး သွင်းယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်မှာလည်း သွင်းဂိုး(၁)ဂိုး သွင်းယူခဲ့ပါသေးတယ်။