MySport Myanmar

ဖလာမင်ဂိုမှာ အငှားချထားတဲ့ ပယ်ရေယားကို လာမယ့်နှစ်မှာ ပြန်သုံးဖွယ်ရှိနေတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းကနေ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဆီ အငှားချထားခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား အန်ဒရေယပ်စ်ပယ်ရေယားဟာ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသထားနိုင်တယ်လို့ ယူနိုက်တက် ကင်းထောက်အဖွဲ့သားတွေရဲ့ တင်ပြမှုကြောင့် ပယ်ရေယားကို လာမယ့်ဘောလုံးရာသီအတွင်း အငှားချထားခြင်းထက် အသင်းမှာသာ ပြန်လည်သုံးစွဲဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ယူနိုက်တက် ကင်းထောက်အဖွဲ့ဟာ ဖလာမင်ဂိုအသင်းက ကစားသမားတွေကို သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ရာမှာ အသက်(၂၁)နှစ်အရွှယ် ဘရာဇီးလ် ကွင်းလယ်ကစားသမားလေး ဂျာအိုဂိုးမက်စ်ရဲ့ ခြေစွမ်းပိုင်းကို သဘောတွေ့ခဲ့ကြပေမယ့် သူတို့အသင်းကနေ ဖလာမင်ဂိုအသင်းဆီ အငှားချထားတဲ့ ကစားသမား ပယ်ရေယားက သူတို့အတွက် ပိုပြီးကို အထင်ကြီးစရာ ဖြစ်လောက်အောင် စွမ်းဆောင်ထားနိုင်လို့ ပယ်ရေယားကိုသာ အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့ အသင်းတာဝန်ရှိသူတွေဆီ သတင်းပို့ဆောင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမား ပယ်ရေယားဟာ ၂၀၁၁ခုနှစ်မှာပဲ ယူနိုက်တက် လူငယ်အသင်းဆီကို PSV အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ကစားသမားဘဝအတွင်း ယူနိုက်တက်အတွက် သိပ်များများစားစား ပါဝင်ရခြင်းမရှိပဲ ဂရန်နာဒါ ဗလင်စီယာ လာဇီယိုနဲ့ ဖလာမင်ဂိုအသင်းတွေမှာသာ အငှားကစားသမားအဖြစ် ကျင်လည်နေခဲ့ရတာ ဖြစ်ပါတယ်။ ပယ်ရေယားဟာ သူရဲ့အမိမြေ ဘရာဇီးလ်မှာ ဖလာမင်ဂိုအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပေမယ့် အပြီးသတ် ခေါ်ယူနိုင်ဖို့က ခဲယဉ်းနေတာကြောင့် ပယ်ရေယားကို သူရဲ့ မူရင်းကလပ် ယူနိုက်တက်အသင်းဆီ ပြန်လည်စေလွှတ်ရဖွယ် ရှိနေပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်အသင်းဟာ မာတစ် မာတာ ပေါ့ဘာ လင်ဂတ်တို့လို ကွင်းလယ်လူတွေကို အသင်းကနေ ထွက်ခွာပေးထားရတာကြောင့် အငှားကနေ အသင်းဆီ ပြန်လာကြတော့မယ့် ကွင်းလယ်လူတွေဖြစ်တဲ့ ဗန်ဒယ်ဘိခ်နဲ့ ပယ်ရေယားတို့ကို အသင်းကနေ ထပ်မံအငှားချသွားဖွယ် မရှိတော့ပဲ အသင်းရဲ့ လူစာရင်းမှာသာ ပြန်လည်အသုံးပြုဖွယ် ရှိနေပါတယ်။ ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်ဟာလည်း ပယ်ရေယား PSV အသင်းမှာ ကစားနေစဉ်ကတည်းက သူရဲ့ခြေစွမ်းတွေကို သဘောကျခဲ့တာကြောင့် အသင်းမှာပဲ ဆက်လက်ထားရှိနိုင်တယ်လို့ သိရပါတယ်။

Exit mobile version