မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ၅ပွဲအတွင်းမှာ ရှံးပွဲက ၃ပွဲအထိကို ရှိလာခဲ့ရလို့ နည်းပြဆိုးလ်ရှားရဲ့အနာဂတ်က လှုပ်ခတ်လာခဲ့ရပြီး နည်းပြအပြောင်းအလဲတောင် ဖြစ်လာနိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကလည်း ဆိုးလ်ရှားအတွက်တော့ သိပ်မထူးလှတဲဲ့ သတင်းတစ်ခုလို့ ဖြစ်နေရပြီး ဒီနှစ်ဘောလုံးရာသီမှာပဲ အသင်းကနေ ထုတ်ပယ်ခံရတော့မယ်ဆိုတဲဲ့ သတင်းမျိုးက ၃ကြိမ်လောက်ပင် ပေါ်ထွက်ခဲ့ဖူးလို့ပါပဲ။ တကယ်လို့ သတင်းတွေ ထွက်ပေါ်နေသလိုသာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ဆိုရင် ယူနိုက်တက်က ဘယ်နည်းပြကို အစားထိုးသွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

Photo Credit : BBC

အရင်တုန်းကတော့ ဆိုးလ်ရှားရဲ့နေရာအတွက် စပါးနည်းပြဟောင်းပိုချက်တီနိုကို အစားထိုးသွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အခုလက်ရှိမှာတော့ ယူနိုက်တက်နည်းပြရာထူးအတွက် ရေပန်းအစားဆုံးက အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ် ဖြစ်လို့နေပါတယ်။ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက ဆောက်ဂိတ်ရဲဲ့ အင်္ဂလန်အသင်းအပေါ် စွမ်းဆောင်ပေးခဲ့တာတွေအပေါ်မှာ သဘောကျလို့နေပြီး အသင်းနဲ့လည်း အံ့ဝင်ခွင်ကျရှိနိုင်မယ့် နည်းပြတစ်ယောက်လို့ ယူဆထားတာကြောင့် ဆိုးလ်ရှားနေရာကို အစားထိုးဖွယ်ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit : FIFA

အသက်၄၉နှစ်အရွှယ်ရှိ အင်္ဂလန်လူမျိုးနည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထနေရာရောက်အောင် ပို့ဆောင်နိုင်ခဲ့သလို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ UEFA Nations League ပြိုင်ပွဲမှာလည်း တတိယနေရာရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ နည်းပြဘဝမှာ ကလပ်အသင်းကိုင်တွယ်မှုအဖြစ် မစ်သယ်ဘရော့တစ်သင်းတည်းကိုသာ ကိုင်တွယ်ခဲဲ့ဖူးပြီး ဆုဖလားအောင်မြင်မှုတွေ ရယူထားနိုင်ခြင်းမရှိတဲ့ ဆောက်ဂိတ်ကို ယူရို-၂၀၂၀ပြိုင်ပွဲအပြီးမှာ ယူနိုက်တက်ရဲ့နည်းပြအဖြစ် တာဝန်ပေးဖွယ်လည်းရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ယူနိုက်တက်အသင်းဟာ ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ချင်နေပေမယ့်လည်း ပိုချက်တီနိုက ယူနိုက်တက်ရဲ့အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ရဲ့ အသင်းအပေါ် စီမံခွဲခန့်ပုံတွေနဲ့ပတ်သက်ပြီး မနှစ်သက်တာကြောင့် အသင်းကနေ သူ့ကိုလုပ်ပိုင်ခွင့် အပြည့်အဝပေးမှသာ ယူနိုက်တက်နည်းပြရာထူးကို လက်ခံဖွယ်ရှိပါတယ်။

(Zawgyi)

ဆုိးလ္ရွားေနရာမွာ ဝင္ေရာက္ဖုိ႔အတြက္ ေဆာက္ဂိတ္က ေရပန္းအစားဆုံးျဖစ္ေန

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေနာက္ဆုံးကစားခဲ႔တဲ႔ ၿပိဳင္ပြဲစုံ၅ပြဲအတြင္းမွာ ရွံးပြဲက ၃ပြဲအထိကုိ ရွိလာခဲ႔ရလုိ႔ နည္းျပဆုိးလ္ရွားရဲ႕အနာဂတ္က လႈပ္ခတ္လာခဲ႔ရၿပီး နည္းျပအေျပာင္းအလဲေတာင္ ျဖစ္လာႏုိင္ေျခရွိတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ႔ပါတယ္။ ဒါကလည္း ဆုိးလ္ရွားအတြက္ေတာ့ သိပ္မထူးလွတဲဲ႔ သတင္းတစ္ခုလုိ႔ ျဖစ္ေနရၿပီး ဒီႏွစ္ေဘာလုံးရာသီမွာပဲ အသင္းကေန ထုတ္ပယ္ခံရေတာ့မယ္ဆုိတဲဲ႔ သတင္းမ်ိဳးက ၃ႀကိမ္ေလာက္ပင္ ေပၚထြက္ခဲ႔ဖူးလုိ႔ပါပဲ။ တကယ္လုိ႔ သတင္းေတြ ထြက္ေပၚေနသလုိသာ ဆုိးလ္ရွားကုိ ထုတ္ပယ္ခဲ႔ဆုိရင္ ယူနုိက္တက္က ဘယ္နည္းျပကုိ အစားထုိးသြားမလဲဆုိတာကလည္း စိတ္ဝင္စားဖုိ႔ေကာင္းပါတယ္။

Photo Credit : BBC

အရင္တုန္းကေတာ့ ဆုိးလ္ရွားရဲ႕ေနရာအတြက္ စပါးနည္းျပေဟာင္းပုိခ်က္တီႏုိကုိ အစားထုိးသြားမယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ႔ေပမယ့္လည္း အခုလက္ရွိမွာေတာ့ ယူႏုိက္တက္နည္းျပရာထူးအတြက္ ေရပန္းအစားဆုံးက အဂၤလန္လက္ေရြးစင္နည္းျပ ဂါရတ္ေဆာက္ဂိတ္ ျဖစ္လုိ႔ေနပါတယ္။ ယူႏုိက္တက္အသင္းရဲ႕ တာဝန္ရွိသူေတြက ေဆာက္ဂိတ္ရဲဲ႕ အဂၤလန္အသင္းအေပၚ စြမ္းေဆာင္ေပးခဲ႔တာေတြအေပၚမွာ သေဘာက်လုိ႔ေနၿပီး အသင္းနဲ႔လည္း အံ့ဝင္ခြင္က်ရွိႏုိင္မယ့္ နည္းျပတစ္ေယာက္လုိ႔ ယူဆထားတာေၾကာင့္ ဆုိးလ္ရွားေနရာကုိ အစားထုိးဖြယ္ရွိေနတာပဲျဖစ္ပါတယ္။

Photo Credit : FIFA

အသက္၄၉ႏွစ္အရႊယ္ရွိ အဂၤလန္လူမ်ိဳးနည္းျပ ေဆာက္ဂိတ္ဟာ အဂၤလန္လက္ေရြးစင္အသင္းကုိ ၂၀၁၈ခုႏွစ္ ကမာၻ႕ဖလားၿပိဳင္ပြဲမွာ စတုတၳေနရာေရာက္ေအာင္ ပုိ႔ေဆာင္ႏုိင္ခဲ႔သလုိ ပထမဆုံးအႀကိမ္အျဖစ္ က်င္းပခဲ႔တဲ႔ UEFA Nations League ၿပိဳင္ပြဲမွာလည္း တတိယေနရာရေအာင္ စြမ္းေဆာင္ေပးခဲ႔ပါတယ္။ နည္းျပဘဝမွာ ကလပ္အသင္းကုိင္တြယ္မႈအျဖစ္ မစ္သယ္ဘေရာ့တစ္သင္းတည္းကုိသာ ကုိင္တြယ္ခဲဲ႔ဖူးၿပီး ဆုဖလားေအာင္ျမင္မႈေတြ ရယူထားႏုိင္ျခင္းမရွိတဲ႔ ေဆာက္ဂိတ္ကုိ ယူရုိ-၂၀၂၀ၿပိဳင္ပြဲအၿပီးမွာ ယူႏုိက္တက္ရဲ႕နည္းျပအျဖစ္ တာဝန္ေပးဖြယ္လည္းရွိေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။ ယူနုိက္တက္အသင္းဟာ ပုိခ်က္တီႏုိကုိ နည္းျပအျဖစ္ ခန္႔အပ္ခ်င္ေနေပမယ့္လည္း ပုိခ်က္တီႏုိက ယူႏုိက္တက္ရဲ႕အမႈေဆာင္ခ်ဳပ္ အက္ဝုဒ္ဝက္ရဲ႕ အသင္းအေပၚ စီမံခြဲခန္႔ပုံေတြနဲ႔ပတ္သက္ၿပီး မႏွစ္သက္တာေၾကာင့္ အသင္းကေန သူ႔ကုိလုပ္ပုိင္ခြင့္ အျပည့္အဝေပးမွသာ ယူႏုိက္တက္နည္းျပရာထူးကုိ လက္ခံဖြယ္ရွိပါတယ္။