မန်ချက်စတာယူနိုက်တက်အသင်းဟာ ဈေးကွက်ထဲမှာ ဂိုးသမားတစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေရာ မိုချန်ဂလာဘတ်အသင်းရဲ့ ဆွစ်ဇာလန်ဂိုးသမား ယန်းဆွန်းမားကို ခေါ်ယူချင်နေပြီး ကင်းထောက်တွေပါ စေလွတ်လေ့လာခိုင်းထားပေမယ့်လည်း အပြောင်းအရွှေ့ ဖြစ်လာဖို့က ခက်ခဲနိုင်တာကြောင့် နောဝစ်ချ်ဂိုးသမား တင်ကရူးကိုသာ ခေါ်ယူရဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

David de Gea's mistakes cost Manchester United at Brentford but is he  suited to Erik ten Hag's style of play? | Football News | Sky Sports

Photo Credit : Sky Sports

ယူနိုက်တက်အသင်းက အသင်းရဲ့ ပင်တိုင်ဂိုးသမား ဒေးဗစ်ဒဟေးယားရဲ့နောက် back-up ကစားနိုင်မယ့် ဂိုးသမားတစ်ဦးကို အလိုရှိနေပြီး ဈေးကွက်မကပိတ်ခင်မှာပဲ ဂိုးသမားတစ်ယောက်ကို အရ ခေါ်ယူသွားချင်နေပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းမှာကလည်း ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ အငှားချထားတာကြောင့် ဂိုးသမားတွေအဖြစ် ဒဟေးယားနဲ့ တွမ်ဟီတန်တို့ နှစ်ဦးတည်းသာ ကျန်ရှိနေရတဲ့အပြင် စပိန်ဂိုးသမား ဒဟေးယားကလည်း လက်စွမ်းပိုင်းတွေ ကျဆင်းပြီး အမှားများလာခဲ့တာကြောင့် သူနဲ့အပြိုင် ဖြစ်နိုင်မယ့် ဂိုးသမားတစ်ဦးကို ခေါ်ယူသွားချင်လာခဲ့တာ ဖြစ်ပါတယ်။

Tim Krul is also an option Manchester United are considering

Photo Credit : The Sun

ဒီလို ဂိုးသမားတစ်ဦး အလိုရှိလာခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်း ဂိုးသမား မယ်လီယေကို ကြိုးပမ်းခဲ့ပေမယ့် လ်ိဒ်စ်ဘက်က ပယ်ချခဲ့တာကြောင့် မိုချန်ဂလာဘတ်ရဲ့ ဆွစ်ဂိုးသမား ဆွန်းမားကို ပစ်မှတ်ထားလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကင်းထောက်တွေက ဆွန်းမားရဲ့လက်စွမ်းတွေကို လေ့လာ အကဲခတ်ဖို့အတွက် သောကြာနေ့က ကစားသွားခဲ့တဲ့ ဂလာဘတ်ရဲ့ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်သွားဖို့ ရှိနေပေမယ့် ဆွန်းမားဘက်ကတော့ လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆွစ်အသင်းအတွက် ပါဝင်ကစားရဖို့ ကလပ်အသင်းမှာပါ နေရာတစ်နေရာ အခိုင်အမာ ရထားဖို့ လိုအပ်နေတာဖြစ်လို့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချသွားနိုင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နယ်သာလန် ဝါရင့် ဂိုးသမားကြီး တင်ကရူးကိုသာ ခေါ်ယူရနိုင်ဖွယ် ရှိနေရပြီး အသက်(၃၄)နှစ်အရွယ်ရှိ ဂိုးသမားကြီးကလည်း ကစားသမားဘဝ အဆုံးမသတ်ခင် ယူနိုက်တက်လို အသင်းကြီး တစ်သင်းနဲ့ ပူးပေါင်းသွားချင်နေပါတယ်။ လက်ရှိမှာ နောဝစ်ချ်နဲ့အတူ လိဂ်ချန်ပီယံရှစ်မှာ ကျင်လည်နေရတဲ့ တင်ကရူးဟာ အိုင်းယတ်စ် နယူးကာဆယ် အယ်လ်ခမာ ဘရိုက်တန်အသင်းတွေမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး နယူးကာဆယ်မှာတော့ သူရဲ့စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ပွဲပေါင်း (၂၂၂)ပွဲအထိ ပါဝင်နိုင်ခဲ့ပါတယ်။