ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်ယူအသင်းဟာ စပိန် အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်ကို ခေါ်ယူဖို့အတွက် ရုတ်တရတ်ကြီး ရေပန်းစားလာခဲ့ပါတယ်။ မန်ယူအသင်းဟာ ဆာအူလ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာကြောင်းနဲ့ ဆာအူလ်ကို ခေါ်ယူဖို့ စောင့်ကြည့် နေတဲ့ အသင်းတွေထဲမှာ မန်ယူအသင်းဟာ ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အနေအထား တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ ဥရောပရဲ့ သတင်းဌာန အများစုက ယနေ့မနက်မှာပဲ တစ်ပြိုင်နက်ထဲ ဖော်ပြသွားခဲ့ကြပါတယ်။
Photo Credit: Marca.com
ကနဦးမှာ ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းတွေအရ ဆာအူလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ယူအသင်းဟာ ပါဝင်ခြင်းမရှိခဲ့ပဲ မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီး အသင်းနဲ့ ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကသာ ရေပန်းစားနေခဲ့တာပါ။ ဒါပေမယ့် ယနေ့မနက် မှာ ရုတ်တရတ် ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ ဆာအူလ်ကို မန်စီးတီးအသင်းရဲ့ လက်ကနေ ကြားဖြတ်ကာ ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကာ ကြိုးစားလာကြောင်းနဲ့ သူတို့ အသင်းအနေနဲ့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို ရောင်းထုတ်ဖို့အတွက် ယတိပြတ် ဆုံးဖြတ်လိုက်တာကြောင့် ဆာအူလ် ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
Photo Credit: Marca.com
စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ မန်ယူအသင်းဟာ အသက်၂၅နှစ် ရှိပြီ ဖြစ်တဲ့ ဆာအူလ်ကို ခေါ်ယူနိုင်ဖို့အတွက် သူတို့ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင်၁၃၅သန်းကို ပေးချေရမှာ ဖြစ်ကြောင်း သိရှိရပြီး အက်သလက်တီကို အသင်းဟာလဲ ဆာအူလ်အတွက် ပေါင် ၁၂၀ သန်း အထက် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမယ်လို့လည်း နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။ အသက်၂၅နှစ်အရွယ် ဆာအူလ်ဟာ ဇာဗီ ၊ အင်နီယေစတာတို့ခေတ်လွန် စပိန်အသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ဘောလုံးအမြင်တွေ ၊ သေသပ်တဲ့ပေးပို့မှုတွေ ၊ ခံစစ် ကို ပံ့ပိုးပေးနိုင်တာတွေ စတဲ့ အရည်အသွေးတွေ ကြောင့် မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာရဲ့ ပါရမီပါတဲ့ ကွင်းလယ်လူတစ်ဦး ဖြစ်တယ်လို့ ချီးကျူးမှုတွေကို ခံထားရသူပါ။