ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ အတွက် တရားဝင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ကာလရှည် ကြိုးပမ်းခဲ့တဲ့ အသင်း ဖြစ်ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရရှိထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Sports Bible

မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် အားနည်းချက်တစ်ခုလို ဖြစ်ခဲ့တဲ့ ညာတောင်ပံ တိုက်စစ်အင်အားကို တိုးမြှင့်ဖို့အတွက် အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဆန်ချိုဘက်ကလည်း မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကို ပြန်ဖို့အတွက် ဆန္ဒရှိနေတာကြောင့် ယခု နွေအပြောင်းအရွှေ့ အတွင်းမှာပဲ မန်ယူအသင်းဆီ အပြီးသတ် ပြောင်းရွှေ့ လိုနေပါတယ်။

Photo Credit: Sports Bible

 

ဒါပေမယ့် ဆန်ချိုရဲ့ မိခင်ကလပ် ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်းခန့် ရမှသာ လက်လွှတ်ဖို့ ဆန္ဒရှိနေတာကြောင့် ကနဦးမှာ ဆန်ချိုအတွက် မန်ယူအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ အောင်မြင်မှု မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Independent က မန်ယူအသင်းဟာ ဆန်ချိုကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၀ သန်း + အပိုဆုကြေး ပေါင် ၅၀ သန်း စုစုပေါင်း ပေါင် ၁၀၀ သန်းဝန်းကျင် တန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူနိုင်တော့မယ် လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Sports Bible

လက်ရှိမှာတော့ ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BILD ကလည်း အင်္ဂလန် သတင်းဌာန Independent ရဲ့ အဆိုကို ထောက်ခံသွားခဲ့ပြီး မန်ယူအသင်းဘက်က ဆန်ချိုအတွက် ဒေါ့မွန်အသင်းဆီကို ကမ်းလှမ်းထားတဲ့ ပြောင်းရွှေ့ကြေးကို အတိအကျ ဖော်ထုတ် သွားခဲ့ပါတယ်။

Photo Credit: Sports Bible

BILD သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၀ သန်း ပေးချေသွားမှာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ ပေါင် ၃၀ သန်း ထပ်မံပေးချေသွားမှာ ဖြစ်ကာ ၂၀၂၂ ခုနှစ်မှာတော့ ယူရို ၂၀ သန်း အပိုထပ်ဆောင်းပေးမယ့် ကမ်းလှမ်းမှုနဲ့ ဒေါ့မွန်အသင်းထံ ကမ်းလှမ်း ထားကြောင်း သိရပါတယ်။

Photo Credit: Sports Bible

မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုဟာ ဒေါ့မွန်အသင်း အလိုရှိနေတဲ့ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၁၀၀ သန်း ဆိုတဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီနေတာကြောင့် ဒေါ့မွန်အသင်းဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို သဘောတူညီဖွယ် ရှိတယ်လို့ BILD သတင်းဌာနဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက တညီတညွတ်ထဲ ဆိုထားကြပါတယ်။