MySport Myanmar

ဆန်ချိုကို အပြီးသတ် ရောင်းချဖို့အတွက် ပေါင်သန်း(၅၀)အထိ ဈေးသတ်မှတ်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ သူတို့အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို အပြီးသတ် ရောင်းချသွားဖို့အတွက် ပေါင် သန်း(၄၀) ကနေ သန်း(၅၀)ဝန်းကျင်လောက်အထိ ဈေးသတ်မှတ်ထားတယ်လို့ Football Insider က ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုကို သူ့အသင်းဟောင်း ဒေါ့မွန်အသင်းထံ ရာသီကုန်အထိ အငှားချထားခဲ့ပေမယ့် ဒေါ့မွန်ဘက်ကတော့ ဆန်ချိုကို အပြီးသတ် ပြန်လည် ခေါ်ယူဖို့ စိတ်ကူးမရှိပဲ အငှားသက်တမ်း ပြည့်တာနဲ့ ယူနိုက်တက်ဆီသာ ပြန်ပို့ဖွယ် ရှိနေပါတယ်။

Photo Credit : talkSPORT

အသက် (၂၃)နှစ်အရွယ် ကစားသမား ဆန်ချိုဟာ သူရဲ့ စီနီယာ ကစားသမားဘဝကို ဒေါ့မွန်မှာ စတင်ခဲ့ရင်း ဒေါ့မွန်အသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်လာတဲ့အထိ ဂျာမန်မြေမှာ အတော်လေးကို တောက်ပခဲ့သူ ဖြစ်ပါတယ်။

ဒီလို တောက်ပနေတဲ့ ဆန်ချ်ိုကို ၂၀၂၁ခုနှစ်မှာပဲ ယူနိုက်တက်အသင်းက ပေါင် (၇၃)သန်းနဲ့ ခေါ်ယူခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေကလည်း ဆန်ချိုအပေါ်မှာ မျှော်လင့်ချက်များစွာ ထားရှိခဲ့ကြပေမယ်ယ့် ဆန်ချိုကတော့ ယူနိုက်တက်မှာ ပြိုင်ပွဲစုံ (၈၂)ပွဲအထိ ကစားထားချိန်မှာတောင် သွင်းဂိုး (၁၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Planet Sports

ဒါဟာ ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းမှာ တစ်ရာသီအတွင်း စွမ်းဆောင်ခဲ့တဲ့ ဂိုးပါဝင်ပတ်သက်မှုလောက်တောင် မရှိခဲ့ပဲ သူရဲ့ စွမ်းဆောင်ရည်တွေက ယူနိုက်တက်မှာ အတော်လေးကို ကျဆင်းခဲ့ရသလို အသင်းနည်းပြ တန်ဟက်ဂ်နဲ့လည်း အဆင်မပြေတွေပါ ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် ယူနိုက်တက်က ဆန်ချိုကို လာမယ့်နွေမှာပဲ အသင်းကနေ အပြီးသတ် ရှင်းထုတ်သွားဖို့ စီစဉ်လာခဲ့ပြီး တကယ်လို့ ဒေါ့မွန်ကသာ ဆန်ချိုကို အပြီးသတ် မခေါ်ရင်တောင် ဆန်ချိုအတွက် ပေါင် သန်း(၄၀)ကနေ သန်း(၅၀)ကြားနဲ့ ကမ်းလှမ်းလာမှ အသင်းရှိရင် တစ်ခါတည်း ရောင်းချသွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version