မန်ချက်စတာယူနိုက်တက်အသင်း ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းမှာ အသင်းအတွက် ခေါ်ယူဖြစ်ခဲ့တဲ့ ကစားသမားတွေအားလုံးနီးပါးက အသင်းရဲ့ အဓိကပစ်မှတ်တွေ မဟုတ်ခဲ့သလို နည်းပြဆိုးလ်ရှား အမှန်တကယ် အလိုရှိခဲ့တဲ့ ကစားသမားတွေလည်း မဟုတ်ခဲ့ဘူးလို့ သတင်းရင်းမြစ်များစွာကနေ ဖော်ပြလာခဲ့သလို ယူနိုက်တက်ရဲ့နွေရာသီ နံပါတစ်ပစ်မှတ်ကလည်း ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုဆိုတာကို အားလုံးသတိထားမိခဲ့ကြပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ရာမှာတော့ မအောင်မြင်နိုင်ခဲ့ပါဘူး။

Photo Credit : 90Min

ယူနိုက်တက်က အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားလေးဆန်ချိုကို ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းမှာ မခေါ်ယူနိုင်ခဲ့ပေမယ့် လုံးဝကြီး လက်လျှော့သွားမှာမဟုတ်ပဲ လာမယ့်၂၀၂၁ခုနှစ် နွေစျေးကွက်အတွင်းမှာ ထပ်မံကြိုးပမ်းလာနိုင်ပြီး ယူရိုပြိုင်ပွဲမတိုင်ခင်မှာပဲ အသင်းဆီ ရောက်ရှိလာနိုင်အောင် လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ 90Min ကနေ ဖော်ပြလာခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ ယူရိုပြိုင်ပွဲ ကမ္ဘာ့ဖလားပြိုင်ပွဲတို့လို ပြိုင်ပွဲကြီးတွေမှာ ခြေစွမ်းအရမ်းပြသနိုင်ခဲ့ရင် သူတိုရဲ့တန်ကြေးတွေက အရမ်းကို ခုန်တတ်သွားနိုင်တဲ့အတွက် ယူနိုက်တက်က ဆန်ချိုကို ယူရို-၂၀၂ဝမတိုင်ခင်မှာပဲ အရခေါ်ယူချင်နေတာဖြစ်ပါတယ်။

Photo Credit : 90Min

ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ဒေါ့မွန်ဘက်ကနေ တောင်းဆိုထားတဲ့ တန်ကြေးအတိုင်းနဲ့ မကမ်းလှမ်းနိုင်ခဲ့တာကြောင့် ဆန်ချိုကို မပိုင်ဆိုင်ခဲဲ့ရတာဖြစ်ပြီး ဆန်ချိုကို မခေါ်နိုင်ခဲ့တာကြောင့် ဘာစီလိုနာက အူစမန်ဒမ်ဘီလီကို ကြိုးပမ်းခဲ့ရာ ထပ်ပြီး မအောင်မြင်ခဲ့လို့ အတ္တလန်တာအသင်းရဲ့ လူငယ်ကစားသမားလေး အာမတ်ထရာအိုရေးကို ခေါ်ယူတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားလေးတောင် လာမယ့်ဇန်နဝါရီလမှသာ အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်လို့ လက်ရှိ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ်တွေက အားနည်းလွန်းလို့နေတာဖြစ်ပါတယ်။ ဒါပေမယ့် ထရာအိုရေးအနေနဲ့ ယူနိုက်တက်မှာ ချက်ချင်းအံ့ဝင်နိုင်ဖို့က မလွယ်ကူသေးတာကြောင့် မန်စီးတီးအကယ်ဒမီထွက် ဆန်ချိုကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းဘက်ကတော့ သူတို့ကစားသမားကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ယုံကြည်လျက်ရှိနေပြီး တကယ်လို့ ရောင်းချရမယ်ဆိုရင်တောင် သူတို့အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ ကမ်းလှမ်းလာမှသာ လက်ခံလာဖွယ်ရှိနေပါတယ်။ ဒါကြောင့် လာမယ့်နွေမှာ ဆန်ချိုက ယူနိုက်တက်အသင်းဆီကို အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့များ ရောက်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။