နယ်သာလန်ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ အေဂျက်အသင်းကတော့ သူတို့အသင်းရဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ မန်ယူ အသင်းနဲ့ လာလီဂါရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ အသီးသီး စိတ်ဝင်စားနေကြတယ်လို့ အတည်ပြု သွားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း ကို ပြုပြင်ဖို့အတွက် ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ကြိုးစားနေကြတာ ဖြစ်ပြီး လက်ရှိအချိန်မှာ နှစ်သင်းစလုံးရဲ့ ကြိုးပမ်းမှုတွေဟာ တော်တော်လေး ခရီးရောက်နေပြီ ဖြစ်တာကြောင့် ဘယ်အသင်း ဟာ ဗန်ဒီဘိခ်ကို ရရှိသွားမလဲဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။

Photo Credit: Express

အသက်၂၃နှစ်အရွယ် ဗန်ဒီဘိခ်ဟာ အေဂျက် အသင်းရဲ့ အမာခံ ကွင်းလယ်လူ တစ်ဦး ဖြစ်ပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အေဂျက်အသင်းက သူ့ကို ရောင်းထုတ်သွားဖို့ ဆုံးဖြတ်ထားပြီး ကနဦးမှာ ဗန်ဒီဘိခ်ဟာ လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းဆီ ရောက်ရှိဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ် ပျံ့ပွားမှုကြောင့် ခရီးသွားလာခွင့် ပိတ်ခံရအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗန်ဒီဘိခ်တို့ရဲ့ ဆေးစစ်မှု ခံယူမယ့် အစီအစဉ်တွေဟာ ပျက်ပြယ်ခဲ့ရပြီး အခု နောက်ပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗန်ဒီဘိခ်ကို ခေါ်ယူမယ့် အစီအစဉ် ကို ရပ်ဆိုင်းသွားခဲ့ကာ အဆိုပါ အချိန်မှာတော့ မန်ယူအသင်းဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် ပြန်လည် လှုပ်ရှားလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Express

မန်ယူအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ဗန်ဒီဘိခ်ကို စိတ်ဝင်စားနေတဲ့အကြောင်း အေဂျက်အသင်းရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ဗန်ဒါဆားက နယ်သာလန်သတင်းဌာန တစ်ခုဖြစ်တဲ့ NOS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြုသွားခဲ့တာပါ။ ဗန်ဒါဆားက ” ဗန်ဒီဘိခ်ကို မန်ယူအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ စိတ်ဝင်စားနေတယ်ဆိုတာ အရမ်းကို ရှင်းလင်းပါတယ် ” လို့ ဖြေဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။ အသက်၂၃နှစ် အရွယ် ဗန်ဒီဘိခ်ဟာ လက်ရှိ ဘောလုံးရာသီ မှာ အေဂျက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ပွဲ ပါဝင် ကစားထားရာမှာ ၁၀ဂိုးသွင်းယူထားပြီး ၁၁ဂိုး ဖန်တီးပေးထားနိုင်ခဲ့ကာ သူ့ရဲ့ ကာလတန်ကြေး ကတော့ ယူရို၄၄သန်း ရှိတယ်လို့ Transfer Market က ခန့်မှန်းထားပါတယ်။