ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဆားဘီးယား လူငယ် တိုက်စစ်မှူး ဖြစ်တဲ့ လူကာဂျိုဗစ်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေး နေပြီ ဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ မန်ယူအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်း ကတော့ အသင်းမှာ ပိုလျှံ ကစားသမား တစ်ဦးလို ဖြစ်နေတဲ့ လူကာဂျိုဗစ်ကို ဝယ်ယူမယ့် အသင်း ရှိပါက ရောင်းချဖို့ အတွက် ပြင်ဆင် ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Teamtalk

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ DiMarzio ရဲ့ ဖော်ပြချက် အရတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဂျိုဗစ်ရဲ့ အေးဂျင့် ဖြစ်သူဟာ မန်ယူအသင်းထံ ဆက်သွယ် လာခဲ့ပြီး ဂျိုဗစ်ကို အငှားနဲ့ ခေါ်ယူချင်ပါက ခေါ်ယူလို့ ရကြောင်း ပြောဆိုခဲ့တယ် လို့ သိရပါတယ်။ အဲ့ဒီနောက် မှာတော့ မန်ယူအသင်းဟာ ဂျိုဗစ်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စား လာခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းထံ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ် လာခဲ့ပါတယ်။ ယနေ့မနက်မှာ ထွက်ပေါ် လာတဲ့ သတင်းတွေ အရတော့ ရီးရဲလ်မက်ဒရစ် အသင်းကလည်း ဂျိုဗစ်အတွက် မန်ယူအသင်းနဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ လက်ခံခဲ့ကာ အသင်းနှစ်သင်း ကြားမှာ ဆွေးနွေးမှုတွေဟာ တရားဝင် စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Teamtalk

ဂျိုဗစ်ရဲ့ အပြောင်းအရွှေ့ အတွက် မန်ယူအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ သတင်းအပေါ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ ဖြစ်သူ ဇီဒန်းက ငြင်းဆန်သွားခြင်း မရှိပဲ ယနေ့ မနက်မှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဗယ်လာဒိုးလစ် အသင်းတို့ရဲ့ ပွဲစဉ် မတိုင်မီမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂျိုဗစ်ရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ရှိကြောင်း အတည်ပြု ပြောကြား သွားပါတယ်။ ဂျိုဗစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဇီဒန်းက ” ခင်ဗျားက ဖြစ်လာနိုင်တဲ့ အခြေအနေတွေ အားလုံးကို ထည့်တွက် ထားရပါမယ်။ ငါးရက်နေ့ ( အောက်တိုဘာလ ၅ရက်နေ့ ) အထိ စျေးကွက်က ဖွင့်ထားဆဲပါ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဆက်လက် စောင့်ကြည့် သွားရမှာပါ။ ကစားသမားက အဆင်ပြေပါတယ်။ ကျွန်တော်က ဒါကိုပဲ စိတ်ဝင်စားပါတယ် ” ဆိုပြီး ပြောသွားခဲ့တာပါ။