ဂျုဗင်တပ်စ်အသင်းကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်းဖြစ်သူ ပေါလ်ပေါ့ဘာကို တူရင်မြေဆီ တကျော့ပြန် ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားနေခဲ့လျက်ရှိပြီး ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့က ခက်ခဲနေခဲ့ရတာဖြစ်နေရပေမယ့်လည်း ပေါ့ဘာကို ခေါ်ယူမယ့်အရေးမှာ လုံးဝလက်မလျှော့ချင်သေးတာကြောင့် ကမ်းလှမ်းမှုတွေ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်လာနိုင်ကာ ယူနိုက်တက်ဘက်ကနေလည်း ဂျုဗင်တပ်စ်နောက်ခံလူ ဒီလစ်ကို ပြန်လည်ခေါ်ယူလိုနေတာကြောင့် ကစားသမား(၂)ဦးကြားမှာ တိုက်ရိုက်အလဲအထပ်တောင် ဖြစ်သွားနိုင်ဖွယ်ရှိလို့နေပါတယ်။

Photo Credit : The Sun

အသက်(၂၇)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဘာက ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းဖြစ်ပြီး နှစ်အနည်းငယ်လေးအကြာမှာပဲ ယူနိုက်တက်နဲ့ ပြန်လက်တွဲဖြုတ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့တော့မယ် အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းနဲ့ပဲ ပြန်ပေါင်းထုတ်တော့မယ်ဆိုပြီး ကောလဟာလသတင်းတွေ ဆက်တိုက်ထွက်လာခဲ့ပါတယ်။ လက်ရှိမှာ ဒဏ်ရာကနေ သက်သာနေပြီဖြစ်ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူနိုက်တက်အတွက် ပြန်မကစားပေးနိုင်သေးသလို ယူနိုက်တက်မှာ ဆက်လက်ရှိနေဖို့ကလည်း မရေမရာသာဖြစ်လို့နေပါတယ်။

Photo Credit : SoccerNews

ဒီလိုအခြေအနေရှိနေတဲ့ ပေါ့ဘာကို သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်ဘက်ကနေ ပြန်လည်ခေါ်ဆောင်ဖို့ စိတ်ဝင်စားလျက်ရှိနေသလို ဒီနှစ်မှ အေဂျက်စ်ကနေ ဂျုဗင်တပ်စ်ကိုရောက်လာပြီး စီးရီအေကစားပုံနဲ့ အံ့ဝင်ခွင်ကျမရှိနိုင်သေးတဲ့ နယ်သာလန်လူငယ်နောက်ခံလူလေး ဒီလစ်ကိုလည်း ယူနိုက်တက်ဘက်ကနေ တဖန်ပြန်လည် စိတ်ဝင်စားလို့နေပါတယ်။ အီတလီမြေမှာ ရုန်းကန်နေရတဲ့ ဒီလစ်ကို ယူနိုက်တက်အသင်းက ယခင်ကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး အခုလည်း ဂျုဗင်တပ်စ်ဘက်ကနေ စိတ်ဝင်စားနေတဲ့ ပေါ့ဘာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ကာ ပေါ့ဘာနဲ့ဒီလစ်တို့(၂)ယောက်ကို တိုက်ရိုက်အလဲအထပ်လုပ်ဖို့ စီစဉ်လာဖွယ်ရှိနေပါတယ်။ ဂျုဗင်တပ်စ်အသင်းက သူတို့ခံစစ်မှာ ဘနူချီ ချီလီနီ ဒီမီရယ်တို့ကိုသာ ဦးစားပေး အသုံးပြုနေတာဖြစ်သလို ယူနိုက်တက်ကွင်းလယ်မှာကလည်း မာတစ် ဖရက်ဒ် တွမ်မီနေး ဘရူနိုဖာနန်ဒက်စ် မာတာတို့ ပုံမှန်ခြေစွမ်းပြထားနိုင်လို့ ပေါ့ဘာရော ဒီလစ်ပါ သူတို့အနာဂတ်အတွက် စဉ်းစားလာနိုင်ပြီး လက်ရှိမှာ စာချုပ်အနေအထားအရ ဒီလစ်က ပေါ့ဘာထက် တန်ကြေးပိုမြင့်မားဖွယ်ရှိနေလို့ အလဲအထပ်မှာ ပြောင်းရွှေ့ကြေးအနည်းအများတော့ ပါဝင်လာနိုင်တယ်လို့ သုံးသပ်ထားကြသလို ဒီလိုမှမဟုတ်ရင် ဂျုဗီဘက်က ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးနဲ့ ရမ်ဆေးကို အလိုက်ပေးကမ်းလှမ်းလာနိုင်ပါတယ်။