မန္ယူအသင္းဟာ ဇန္ဝါရီလ (၃၁) ရက္ေန႔၊ ေသာၾကာေန႔၊ အေျပာင္းအေ႐ြ႕ ေဈးကြက္မပိတ္ခင္ ကြင္းလယ္လူ ဖာနန္ဒက္စ္ကို ေခၚယူႏိုင္ဖို႔အတြက္ စပို႔တင္းအသင္းနဲ႔ ျပန္လည္ ညႇိႏႈိင္းေနၿပီလို႔ DailyStar သတင္းက ေဖာ္ျပသြားပါတယ္။ မန္ယူအသင္းဟာ စပို႔တင္း ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ကို ေခၚယူဖို႔ အားခဲမာန္ခဲ ႀကိဳးစားခဲ့ေပမဲ့ စပို႔တင္းအသင္းက ေျပာင္းေ႐ြ႕ေၾကး ေပါင္ (၆၈) သန္း ေတာင္းဆိုလို႔ ညႇိႏႈန္းမႈ ရပ္ဆိုင္းခဲ့ၿပီး အခု ေဈးႏႈန္းအသစ္နဲ႔ ျပန္စေနၿပီ ျဖစ္ပါတယ္။
Photo Credit: Daily Star
မန္ယူအသင္းဟာ စပို႔တင္းအသင္းကို ကြင္းလယ္လူ ဖာနန္ဒက္စ္အတြက္ ေပါင္ (၄၂) သန္းသာ ေပးခ်င္ေနခဲ့တာေၾကာင့္ စပို႔တင္းအသင္းနဲ႔ ညႇိႏႈိင္းမႈ ရပ္ဆိုင္းခဲ့ၿပီး အခု ေျပာင္းေ႐ြ႕ေၾကးအသစ္ ေပါင္ (၁၇) သန္းနဲ႔ ျပန္လည္ ညႇိႏႈိင္းေနၿပီပဲ ျဖစ္ပါတယ္။ DailyStar သတင္းအရကေတာ့ မန္ယူအသင္းဟာ လက္ရွိအခ်ိန္မွာ စပို႔တင္းအသင္းနဲ႔ တိုက္႐ိုက္ ညႇိႏႈိင္းေနၿပီး၊ သူတို႔ႏွစ္သင္းၾကားမွာ ညႇိႏႈိင္းေဆာင္႐ြက္ေပးတဲ့ Thrid Party (တတိယအဖဲ့ြ၊ ၾကားအဖြဲ႕) မရွိေတာ့ဘူးလို႔ ေဖာ္ျပတာပါ။
Photo Credit: Daily Star
မန္ယူနည္းျပ ဆိုးလ္ရွားဟာ ယခုအပတ္ ေသာၾကာေန႔က အက္ဖ္ေအဖလား ပြဲစဥ္အတြက္ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ ကစားသမား (၁) ဦး ဒါမွမဟုတ္ (၂) ဦး ေခၚယူဖို႔ ႀကိဳးစားေနေၾကာင္း ေျပာခဲ့ပါတယ္။ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔ ကစားသမား (၁) ဦး ဒါမွမဟုတ္ (၂) ဦး ေခၚယူဖို႔ လုပ္ေဆာင္ေနပါတယ္။ ဒါေၾကာင့္ အေျပာင္းအေ႐ြ႕ မပိတ္ခင္မွာ အရေခၚႏိုင္မလား ဆိုတာ ေစာင့္ၾကည့္ရမွာပါ”လို႔ ေျပာခဲ့ၿပီး အခု ဆက္ေစာင့္ၾကည့္ရဦးမွာပါပဲ။
(Unicode)
မန်ယူအသင်းဟာ ဇန်ဝါရီလ (၃၁) ရက်နေ့၊ သောကြာနေ့၊ အပြောင်းအရွေ့ ဈေးကွက်မပိတ်ခင် ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် စပို့တင်းအသင်းနဲ့ ပြန်လည် ညှိနှိုင်းနေပြီလို့ DailyStar သတင်းက ဖော်ပြသွားပါတယ်။ မန်ယူအသင်းဟာ စပို့တင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အားခဲမာန်ခဲ ကြိုးစားခဲ့ပေမဲ့ စပို့တင်းအသင်းက ပြောင်းရွေ့ကြေး ပေါင် (၆၈) သန်း တောင်းဆိုလို့ ညှိနှုန်းမှု ရပ်ဆိုင်းခဲ့ပြီး အခု ဈေးနှုန်းအသစ်နဲ့ ပြန်စနေပြီ ဖြစ်ပါတယ်။
Photo Credit: Daily Star
မန်ယူအသင်းဟာ စပို့တင်းအသင်းကို ကွင်းလယ်လူ ဖာနန်ဒက်စ်အတွက် ပေါင် (၄၂) သန်းသာ ပေးချင်နေခဲ့တာကြောင့် စပို့တင်းအသင်းနဲ့ ညှိနှိုင်းမှု ရပ်ဆိုင်းခဲ့ပြီး အခု ပြောင်းရွေ့ကြေးအသစ် ပေါင် (၁၇) သန်းနဲ့ ပြန်လည် ညှိနှိုင်းနေပြီပဲ ဖြစ်ပါတယ်။ DailyStar သတင်းအရကတော့ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ စပို့တင်းအသင်းနဲ့ တိုက်ရိုက် ညှိနှိုင်းနေပြီး၊ သူတို့နှစ်သင်းကြားမှာ ညှိနှိုင်းဆောင်ရွက်ပေးတဲ့ Thrid Party (တတိယအဖဲ့ွ၊ ကြားအဖွဲ့) မရှိတော့ဘူးလို့ ဖော်ပြတာပါ။
Photo Credit: Daily Star
မန်ယူနည်းပြ ဆိုးလ်ရှားဟာ ယခုအပတ် သောကြာနေ့က အက်ဖ်အေဖလား ပွဲစဉ်အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ကစားသမား (၁) ဦး ဒါမှမဟုတ် (၂) ဦး ခေါ်ယူဖို့ ကြိုးစားနေကြောင်း ပြောခဲ့ပါတယ်။ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဆိုးလ်ရှားက “ကျွန်တော်တို့ ကစားသမား (၁) ဦး ဒါမှမဟုတ် (၂) ဦး ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် အပြောင်းအရွေ့ မပိတ်ခင်မှာ အရခေါ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ပြောခဲ့ပြီး အခု ဆက်စောင့်ကြည့်ရဦးမှာပါပဲ။