ေပါ့ဘာ ၊ မိုဗစ္ ၊ ဟာလန္းတို႔နဲ႔အတူ ဥေရာပရဲ့ ထိပ္သီးကစားသမားအခ်ိဳ႕ရဲ့ ေအးဂ်င့္ျဖစ္တဲ့ စူပါေအးဂ်င့္ ရိုင္းအိုလာကေတာ့ ေပါ့ဘာရဲ့ အေျပာင္းအေရႊ႕ကိစၥနဲ႔ ပတ္သတ္ၿပီး သူ႔အေပၚ အျမင္မၾကည္တဲ့ ယူနိုက္တက္အသင္းထံကို သူနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ကစားသမားေတြကို မေရာက္ေစခ်င္ဘူးလို႔ ဖြင့္ဟ ဝန္ခံမွုတစ္ခု ျပဳလုပ္သြားခဲ့ပါတယ္။

Photo Credit: Express.com

ယူနိုက္တက္နဲ႔ သတင္းေတြ က်ယ္ျပန႔္စြာ ထြက္ေပၚခဲ့တဲ့ ေနာ္ေဝတိုက္စစ္မွူး ဟာလန္း တစ္ေယာက္ ေဒါ့မြန္အသင္းဆီ ေရာက္ရွိသြားမွုမွာ ရိုင္းအိုလာဟာ အဓိကပါဝင္ေနတယ္လို႔ သတင္းေတြ က်ယ္ျပန႔္စြာ ထြက္ေပၚလာခဲ့မွု အၿပီးမွာ ရိုင္းအိုလာက ဟာလန္းဟာ ေဒါ့မြန္ကို ေရြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ ျပန္ေျပာင္းေျပာျပခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ သူဟာ သူ႔ရဲ့ ကစားသမားေတြကို ယူနိုက္တက္အသင္းဆီ မေရာက္ေစခ်င္ဘူးလို႔ သူ႔ရဲ့ဆႏၵကို ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Express.com

ရိုင္းအိုလာဟာ ယူနိုက္တက္အသင္းက အသင္းရဲ့အဓိက ကစားသမားအျဖစ္ ယူဆထားတဲ့ ကြင္းလယ္လူ ေပါလ္ေပါ့ဘာကို အသင္းက ထြက္ခြာေအာင္ ေသြးေဆာင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့အၿပီးမွာ ယူနိုက္တက္နဲ႔ ရိုင္းအိုလာတို႔ရဲ့ ဆက္ဆံေရးဟာ ဆိုးရြားသြားခဲ့တာပါ။ လက္ရွိအခ်ိန္မွာေတာ့ ရိုင္းအိုလာနဲ႔ ယူနိုက္တက္အသင္းရဲ့ ဆက္ဆံေရးဟာ အဆိုးဝါးဆုံး အေနအထားတစ္ခုမွာ ရွိေနပါတယ္။

Photo Credit: Express.com

ယူနိုက္တက္နဲ႔ပတ္သတ္ၿပီး ရိုင္းအိုလာက ” ကၽြန္ေတာ္ဟာ ယူနိုက္တက္အသင္းဆီကို ဘယ္ကစားသမားကိုမွ မေခၚသြားေတာ့ပါဘူး။ ဘာလို႔လည္းဆိုေတာ့ သူတို႔ဟာ မာရာဒိုနာ ၊ ပီလီ ၊ မာလ္ဒီနီတို႔လို ကစားသမားေတြကိုေတာင္ ေျခစြမ္းေပ်ာက္ဆုံးေအာင္ လုပ္နိုင္လို႔ပါ ” လို႔ ဖြင့္ဟေျပာျပသြားခဲ့ပါတယ္။

ပေါ့ဘာ ၊ မိုဗစ် ၊ ဟာလန်းတို့နဲ့အတူ ဥရောပရဲ့ ထိပ်သီးကစားသမားအချို့ရဲ့ အေးဂျင့်ဖြစ်တဲ့ စူပါအေးဂျင့် ရိုင်းအိုလာကတော့ ပေါ့ဘာရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သတ်ပြီး သူ့အပေါ် အမြင်မကြည်တဲ့ ယူနိုက်တက်အသင်းထံကို သူနဲ့ စာချုပ်ချုပ်ထားတဲ့ ကစားသမားတွေကို မရောက်စေချင်ဘူးလို့ ဖွင့်ဟ ဝန်ခံမှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit: Express.com

ယူနိုက်တက်နဲ့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့တဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်း တစ်ယောက် ဒေါ့မွန်အသင်းဆီ ရောက်ရှိသွားမှုမှာ ရိုင်းအိုလာဟာ အဓိကပါဝင်နေတယ်လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့မှု အပြီးမှာ ရိုင်းအိုလာက ဟာလန်းဟာ ဒေါ့မွန်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြန်ပြောင်းပြောပြခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သူဟာ သူ့ရဲ့ ကစားသမားတွေကို ယူနိုက်တက်အသင်းဆီ မရောက်စေချင်ဘူးလို့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

ရိုင်းအိုလာဟာ ယူနိုက်တက်အသင်းက အသင်းရဲ့အဓိက ကစားသမားအဖြစ် ယူဆထားတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အသင်းက ထွက်ခွာအောင် သွေးဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ ယူနိုက်တက်နဲ့ ရိုင်းအိုလာတို့ရဲ့ ဆက်ဆံရေးဟာ ဆိုးရွားသွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ရိုင်းအိုလာနဲ့ ယူနိုက်တက်အသင်းရဲ့ ဆက်ဆံရေးဟာ အဆိုးဝါးဆုံး အနေအထားတစ်ခုမှာ ရှိနေပါတယ်။

Photo Credit: Express.com

ယူနိုက်တက်နဲ့ပတ်သတ်ပြီး ရိုင်းအိုလာက ” ကျွန်တော်ဟာ ယူနိုက်တက်အသင်းဆီကို ဘယ်ကစားသမားကိုမှ မခေါ်သွားတော့ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့ဟာ မာရာဒိုနာ ၊ ပီလီ ၊ မာလ်ဒီနီတို့လို ကစားသမားတွေကိုတောင် ခြေစွမ်းပျောက်ဆုံးအောင် လုပ်နိုင်လို့ပါ ” လို့ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။