မန်ချက်စတာယူနိုက်တက်အသင်းဟာ စီးရီးအေထိပ်သီးကလပ် နာပိုလီအသင်းရဲ့ တောင်ကိုရီးယား ဗဟိုနောက်ခံကစားသမား ကင်မင်ဂျယ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ဆောင်းဈေးကွက်ထဲမှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

4G consecutive selection' Kim Min-jae, strong in the rotation… Rating of 7.1

Photo Credit : Korea Posts English

ယူနိုက်တက်အသင်းက ဒီနှစ် နွေဈေးကွက်အတွင်းမှာ ခံစစ်ပိုင်းအတွက် ဗဟိုခံစစ်မှူး လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဘယ်နောက်ခံလူ မာလာစီယာတို့ကို ခေါ်ယူထားခဲ့ပေမယ့် ခံစစ်ပိုင်းကို ထပ်မံ ဖြည့်တင်းသွားဖို့ ဆန္ဒရှိနေပါတယ်။ လတ်တလောမှာ ယူနိုက်တက်က ညာနောက်ခံနေရာအတွက် မိုနာကိုရဲ့ ဘရာဇီးလ် right-back ကစားသမား ဗန်ဒါဆင်ကို ချိန်ရွယ်နေတဲ့အပြင် ဗဟိုခံစစ်နေရာအတွက်ကိုပါ နာပိုလီရဲ့ ကိုရီးယား ခံစစ်မှူး ကင်မင်ဂျယ်ကို စောင့်ကြည့်လျက် ရှ်ီနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Tottenham Hotspur & Beijing Guoan Sepakati Transfer Kim Min-Jae | Goal.com Indonesia

Photo Credit : Goal

အသက်(၂၅)နှစ်အရွယ်ရှိ တောင်ကိုရီးယား လက်ရွေးစင် centre-back ကစားသမား ကင်မင်ဂျယ်ဟာ ဒီနှစ် နွေဈေးကွက်ကမှ တူရကီကလပ် ဖီနာဘာချီကနေ နာပိုလီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာ စီးရီးအေ (၆)ပွဲကစား (၂)ဂိုးထိပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကင်မယ်ဂျယ်ဟာ ချန်ပီယံလိဂ်မှာ နာပိုလီက လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာပါ နာပိုလီ ခံစစ်အတွင်း အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါသေးတယ်။ CNN တူရကီရဲ့ သတင်းဖော်ပြချက်အရ ကင်မင်ဂျယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်မှာပဲ ကင်မင်ဂျယ် အပြောင်းအရွှေ့အတွက် နာပိုလီအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လိမ့်မယ်လို့ ဖော်ပြလာပါတယ်။ နာပိုလီက ကင်မင်ဂျယ်ကို ခေါ်ယူခဲ့စဉ်တုန်းက စာချုပ်လျော်ကြေးအဖြစ် ပေါင်(၄၄)သန်းနဲ့ သတ်မှတ်ထားခဲ့ပေမယ့် အဲ့ဒီလျော်ကြေးက လာမယ့်နွေမှသာ စတင် သက်ရောက်မှာဖြစ်တဲ့အတွက် ယူနိုက်တက်က ကင်မင်ဂျယ်ကို ၂၀၂၃ခုနှစ် နွေဈေးကွက်မှ ခေါ်ယူမလား ဒါမှမဟုတ် အခု ဆောင်းဈေးကွက်မှာပဲ နာပိုလီ တောင်းဆိုမယ့် တန်ကြေးအတိုင်းနဲ့ ကမ်းလှမ်းမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် ကင်မင်ဂျယ်ကို ယူနိုက်တက်နဲ့အပြိုင် စပါးနဲ့ ဂျုဗင်တပ်စ်တို့ကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်တစား ရှိနေပါတယ်။