မန်ယူ ကစားသမားတွေ အားလုံးဟာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရလား၊ ကူးစက်မခံရဘူးလား ဆိုတာကို သိနိုင်ဖို့အတွက် တစ်နေ့မှာ စစ်ဆေးမှု (၂) ကြိမ် မဖြစ်မနေ ခံယူနေကြရပါတယ်။ မန်ယူ ကစားသမားတွေဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေး ဆင်းရတဲ့ နေ့တွေမှာ စစ်ဆေးမှု (၂) ကြိမ် ခံယူရပြီး လေ့ကျင့်ရေးကွင်းကို ပိတ်ပင်သွားဖွယ် မရှိပါဘူး။ မန်ယူ ကစားသမားတွေဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်လာတဲ့ အချိန်မှာ (၁) ကြိမ် နဲ့ ပြန်သွားတဲ့ အချိန်မှာ (၁) ကြိမ်၊ တစ်နေ့ကို စုစုပေါင်း (၂) ကြိမ် ခံယူကြရပါတယ်။

Photo Credit: Mirror

မန်ယူအသင်းဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်း ဖြစ်တဲ့ ကာရင်တန်ကွင်းကို ပိတ်ပင်သွားဖွယ် မရှိသေးဘဲ အာဆင်နယ်အသင်း နဲ့ အဲဗာတန်အသင်းကတော့ ပိတ်ပင်သွားပြီ ဖြစ်ပါတယ်။ မန်ယူ ကစားသမားတွေကို တစ်နေ့ (၂) ကြိမ် စစ်ဆေးမှု ပြုလုပ်ရတဲ့ အကြောင်းအရင်းမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ လက္ခဏာ ရှိ၊ မရှိကို သိရှိနိုင်ဖို့အတွက် စစ်ဆေးရခြင်း ဖြစ်ပါတယ်။ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေး ဆင်းနေကြတဲ့ မန်ယူ ကစားသမားတွေကို တွေ့ချင်တိုင်း တွေ့လို့ မရဘဲ တာဝန်ရှိတွေကပဲ သွားရောက် တွေ့ဆုံခွင့် ရှိတာ ဖြစ်ပါတယ်။

Photo Credit: Mirror

မန်ယူ ကစားသမားတွေဟာ သြစတြေးလျနိုင်ငံမှာ LASK အသင်းနဲ့ ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ် ကစားခဲ့စဉ်က ကိုရိုနာ ဗိုင်းရပ် ကူးစက်မခံရအောင် စောင့်ကြည့်ခံခဲ့ရတာ ဖြစ်ပါတယ်။ LASK အသင်းနဲ့ ပထမပိုင်း အပြီးမှာ မန်ယူ ကစားသမားတွေရဲ့ ကိုယ်အပူချိန်ကို တိုင်းခဲ့ပြီး မန်ယူကစားသမားထဲက ဘယ်သူမှ ကိုရိုနာ ဗိုင်းရပ် ရောဂါ လက္ခဏာ မရှိခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကစားသမားတွေရဲ့ ကျန်းမာရေးကို အစကတည်းက အနီးကပ် လေ့လာ စောင့်ကြည့်ခဲ့ပြီး ကိုရိုနာ ဗိုင်းရပ် ကူးစက်မခံရအောင် အကောင်းဆုံး ပြင်ဆင်နေကြပါတယ်။ အခုလည်း လေ့ကျင့်ရေးကွင်းကို မပိတ်ဘဲ လေ့ကျင့်ရေးတွေ ဆက်ဆင်းနေကြဆဲ ဖြစ်ပေမဲ့ ကစားသမားတွေကို ကိုရိုနာ ဗိုင်းရပ် ရှိ၊ မရှိ ဆေးစစ်မှုတွေကို ပြုလုပ်ပေးလျက် ရှိပါတယ်။