
Photo Credit: Metro.com


Photo Credit: Metro.com


Photo Credit: Metro.com


ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၈- ၂၀၁၉ရာသီအတွက် ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံးကလပ် အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပြီး ယူနိုက်တက် ဟာ အဆိုပါဂုဏ်ပုဒ်ကို ၂၃နှစ်ဆက်တိုက် ရရှိခဲ့တယ်လို့ ယနေ့မနက် သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Metro.com

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆိုးဝါးတဲ့ ရလဒ်တွေ ရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဝင်ငွေပိုင်းမှာတော့ ၆၂၇.၁ မီလီယံအထိ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာပါ။ တစ်ကမ္ဘာလုံး အနေအထားမှာတော့ ယူနိုက်တက်အသင်းဟာ အဆင့်သုံးနေရာမှာ ရပ်တည်နေခဲ့ပြီး အဆင့် တစ်နဲ့ အဆင့်နှစ်နေရာတွေကိုတော့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ရရှိခဲ့ကြပါတယ်။

Photo Credit: Metro.com

ဘာစီလိုနာအသင်းဟာ ၂၀၁၈-၂၀၁၉ဘောလုံးရာသီမှာ ဝင်ငွေ ပေါင် ၇၄၁ မီလီယံအထိ ရရှိခဲ့ကာ ကမ္ဘာ့အချမ်းသာဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းကတော့ ဝင်ငွေ ပေါင် ၆၆၇.၅သန်းနဲ့အတူ ကမ္ဘာ့ဒုတိယမြောက် ဝင်ငွေအများဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

Photo Credit: Metro.com

 

ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်ဟာ ဝင်ငွေအများဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက် ဝင်ငွေအများဆုံး အသင်းအနေနဲ့ မန်စီးတီးအသင်းဟာ ပေါင် ၅၃၈.၂သန်းဝင်ငွေနဲ့အတူ သတ်မှတ်ခံခဲ့ ရတာပါ။ တတိယမြောက်ဝင်ငွေအများဆုံး အသင်းက ချန်ပီယံလိဂ်ဖလားပိုင်ရှင် လီဗာပူးလ်အသင်း ဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ပေါင် ၅၃၃သန်း အထိ ဝင်ငွေရခဲ့တာပါ။