ဒီနှစ်ဘောလုံးရာသီအတွင်း မန်ချက်စတာယူနိုက်အသင်းအတွက် ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲဲ့ ဂျက်ဆီလင်ဂတ်နဲ့ အန်ဒရေပါရဲရားတို့နှစ်ယောက်ဟာ ယူနိုက်တက်အသင်းမှာ ဆက်လက်ရှိနေဖို့ ရာခိုင်နှုန်းနည်းပါးလျက်ရှိနေပြီး အသင်းက သူတို့နှစ်ယောက်နဲဲ့ လက်တွဲဖြုတ်ဖို့ စဉ်းစားလာခဲ့သလို ဒီကစားသမားနှစ်ယောက်လုံးကလည်း သူတို့အတွက် အနာဂတ်ခိုင်မာမှုမရှိတော့တဲ့ ယူနိုက်တက်အသင်းမှာ ဆက်လက်ရှိနေဖို့ ဆန္ဒမရှိတော့ပဲ လာမယ့်ရာသီမှာ အသင်းသစ်တွေကို ရှာဖွေဖွယ်ရှိနေပါတယ်။

Photo Credit : The Sun

လင်ဂတ်နဲ့ပါရဲရားတို့နှစ်ယောက်ဟာ နည်းပြဆိုးလ်ရှားရဲဲ့လက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ ကြိမ်ဖန်များစွာ ရရှိခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်းတွေက တိုးတတ်လာခြင်းမရှိပဲ ပွဲဲတိုင်းလိုလိုမှာ ပရိသတ်တွေ လှောင်ပြောင်ချင်စရာဖြစ်လောက်တဲ့အထိ စွမ်းဆောင်ရည်တွေက ဆိုးရွှားခဲ့လို့့ နောက်ပိုင်းပွဲဲတွေမှာ ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ရပြီး နေရာတွေလည်းပျောက်ဆုံးလာခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ကွင်းလယ်ပိုင်းအတွင်း ဖရက်ဒ် မာတစ် တွမ်မီနေး ဘရူနိုဖာနန်ဒက်စ်တို့ ခြေစွမ်းပြလျက်ရှိနေတဲ့အပြင်ကို ပေါ့ဘာလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် လင်ဂတ်နဲ့ပါရဲရားတို့ နေရာဆက်လက်ပျောက်ဆုံးလာနိုင်ပါတယ်။

Photo Credit : GiveMeSport

ယူနိုက်တက်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေး လင်ဂတ်ဟာ ယူနိုက်တက်အသင်းမှာ ဆိုးလ်ရှား နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီးနောက် အသင်းမှာ နေရာတောက်လျှောက်ရလာခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်းမရှိတာတောင် ပွဲဲထွက်စာရင်းမှာ နေရာပေးလွန်းလို့ လင်ဂတ်က ဆိုးလ်ရှားရဲ့မွေးစားသားလို့တောင် လှောင်ပြောင်ခံခဲ့ရပါတယ်။ လင်ဂတ်ဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးရော ဂိုးဖန်တီးမှုပါ (၁)ကြိမ်လေးတောင် မပြုလုပ်ထားနိုင်ခဲ့ပဲ မကြာသေးခင်ကမှ ကစားခဲဲ့တဲ့ ဒါဘီကောင်တီအသင်းနဲဲ့ အက်အေဖလားပွဲအပြီးမှာလည်း လူမျိုးရေးခွဲခြားခံခဲ့ရပါတယ်။ ပါရဲရားကလည်း လင်ဂတ်အတိုင်းပဲ ဒီရာသီမှာ ပြိုင်ပွဲစုံ(၃၇)ပွဲအထိကို ပါဝင်ကစားထားခဲ့တာတောင် သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှုကို (၄)ကြိမ်လေးပဲ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ လင်ဂတ်နဲ့ပါရဲရားတို့ကို စီးရီးအေအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။