လိုင်လီနောက်ခံလူ ဆဗန်ဘို့မန်းကို ခေါ်ယူသွားဖို့ ခက်ခဲနေရတဲ့ နယူးကာဆယ်အသင်းဟာ အခုလက်ရှိမှာတော့ နောက်ထပ် ခံစစ်ကစားသမားတစ်ဦးကို ပြောင်းလဲပစ်မှတ်ထားလာခဲ့ပြီလို့ သိရပါတယ်။ နယူးကာဆယ်ဟာ ဒီနှစ်နွေမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲရဖွယ် ရှိနေတဲ့ အိုင်ဗရီကို့စ် နောက်ခံကစားသမား အဲရစ်ဘိုင်လီကို ခေါ်ယူသွားချင်နေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Eric Bailly is attracting interest from Newcastle, Marseille and Lyon

Photo Credit : The Sun

ပြီးခဲ့တဲ့နှစ်ကမှ ယူနိုက်တက်အသင်းနဲ့ (၃)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပြီးမှ အသင်းရဲ့ ခံစစ်မှာ နေရာလည်းမရသလို အသင်းဖော် ဟယ်ရီမက်ဂွိုင်းရားရဲ့ အသင်းခေါင်းဆောင် တာဝန်ကိုလည်း လှောင်ပြောင်ခဲ့သေးတာကြောင့် အသင်းတာဝန်ရှိသူတွေ စိတ်ပျက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဘိုင်လီဟာ လက်ရှိမှာ သူရဲ့ယူနိုက်တက် ကစားသမားဘဝက အဆုံးသတ်လုနီးပါး ဖြစ်နေရပြီး အခုနှစ် နွေဈေးကွက်ထဲ အသင်းရဲ့ အရောင်းစာရင်းထဲမှာပါ ပါဝင်နေခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ဒီနှစ်နွေမှာ ခံစစ်ပိုင်းကို အပြောင်းအလဲများစွာ လုပ်ဆောင်သွားဖို့ ရှိနေရာ ခံစစ်ကစားသမားတွေဖြစ်တဲ့ ဖီးလ်ဂျုံး တွန်ဇီဘီ ဝမ်ဘစ်ဆာခါ ဘိုင်လီတို့ကို အသင်းကနေ ရှင်းထုတ်သွားဖို့ စီစဉ်နေပါတယ်။

Eric Bailly: Manchester United defender not expected to leave on loan in  January transfer window | Football News | Sky Sports

Photo Credit : Sky Sports

ဒီလို အခြေအနေရှိနေတဲ့ ဘိုင်လီကို နယူးကာဆယ်အသင်းက စတင်စိတ်ဝင်စားလာခဲ့ပြီး သူတို့ရဲ့ အဓိကပစ်မှတ် ဘို့မန်းက အေစီမီလန်အသင်းဆီကိုသာ ပြောင်းရွှေ့သွားဖို့ ဆန္ဒရှိနေတာကြောင့် ဘို့မန်းအစား ဘိုင်လီကို ပြောင်းလဲပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဘိုင်လီက ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ်အထိ ကျန်ရှိနေသေးပေမယ့်လည်း ပြောင်းရွှေ့ကြေး ပေါင်(၈.၅)သန်းဝန်းကျင်လောက် ကမ်းလှမ်းလာရင်တောင် ယူနိုက်တက်ဘက်က လက်ခံသွားဖွယ် ရှိနေပါတယ်။ နယူးကာဆယ်ရဲ့ ပစ်မှတ် ဖြစ်လာခဲ့ရတဲ့ ဘိုင်လီကို နယူးကာဆယ် တစ်သင်းတည်းသာ စိတ်ဝင်စားနေတာ မဟုတ်ပဲ ဘဏ္ဍာရေးပိုင်းကြောင့် ခံစစ်ပိုင်းက ရှကရီညာ ဘက်စတိုနီတို့ကို ရောင်းချရနိုင်တဲ့ အင်တာမီလန် အပါအဝင် လိုင်ယွန် မာဆေးလ်တို့လို လီဂူးအသင်းတွေကပါ ဘိုင်လီကို စိတ်ဝင်စားနေကြပါတယ်။ နယူးကာဆယ်ဟာ ဘိုင်လီမတိုင်ခင်ကတည်းက ယူနိုက်တက်ရဲ့ ကစားသမားတွေဖြစ်တဲ့ မာစီယဲလ် လင်ဂတ်နဲ့ ဒင်းဟန်ဒါဆန်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့်လည်း တစ်ဦးမှ မခေါ်ယူနိုင်ခဲ့ပေမယ့် ဘိုင်လီကတော့ ယူနိုက်တက်နဲ့ သေချာပေါက် လမ်းခွဲရနိုင်လို့ ခေါ်ယူနိုင်မယ့် အလားအလာကောင်းနေရပါတယ်။