ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ပြင်သစ်လီဂူးကလပ် မိုနာကို အသင်းရဲ့ အသက် ၁၉နှစ်အရွယ် လူငယ် နောက်ခံလူ ဘာဒီယာရှီလာကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ် လာခဲ့တယ်လို့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Daily Mail

မန်ယူအသင်းဟာ ဗဟိုခံစစ်ပိုင်းမှာ စမောလင်း ၊ ဖီးလ်ဂျုံးစ် ၊ လင်ဒီလော့ဖ် ၊ တွမ်ဇီဘီ ၊ ရိုဂျို ၊ မက်ဂွိုင်းယား ၊ ဘိုင်လီ စတဲ့ ခံစစ်မှူးတွေကို ပိုင်ဆိုင် ထားပေမယ့် ယုံကြည် စိတ်ချရတဲ့ ဗဟို ခံစစ်မှူးအဖြစ် မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ် နှစ်ဦးတည်းသာ ရှိတာကြောင့် မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ အဓိက နောက်ခံလူ မက်ဂွိုင်းယားနဲ့ တွဲဖက်ပေးဖို့ အတွက် လျင်မြန်တဲ့ နောက်ခံလူ တစ်ဦးကို ရှာဖွေနေတာပါ။

Photo Credit: Daily Mail

ကနဦးမှာ မန်ယူအသင်းဟာ ဘုန်းမောက်အသင်း နောက်ခံလူ နသန်အကီ နဲ့ လိုင်လီအသင်း နောက်ခံလူ ဂါဘရီရယ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အကီဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ရှိနေသလို ဂါဘရီရယ်ဟာလည်း ပွဲထွက်ခွင့် ကျိန်းသေတဲ့ အဲဗာတန်အသင်းကို ရွေးချယ် နိုင်တာကြောင့် မိုနာကိုအသင်းနဲ့အတူ ခြေစွမ်းပြ နေတဲ့ ဘာဒီယာရှီလာကို ခေါ်ယူဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အသက်၁၉နှစ်အရွယ်သာ ရှိသေးတဲ့ ဘာဒီယာရှီလာဟာ မိုနာကိုအသင်းထံကို အသက် ၁၇နှစ် အရွယ်ကတည်းက ရောက်ရှိလာသူ ဖြစ်ပြီး မိုနာကို အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ပွဲအထိ ပါဝင် ကစားပေးထားသူပါ။ Transfer Marketရဲ့ ထုတ်ပြန်မှုအရ ဘာဒီယာရှီလာရဲ့ တန်ကြေးဟာ ယူရို ၁၈သန်း ဝန်းကျင် ရှိပေမယ့် မန်ယူအသင်း ကတော့ ဘာဒီယာရှီလာ အတွက် မိုနာကိုအသင်း ထံ ပြောင်းရွှေ့ကြေး ယူရို ၂၇သန်း ဝန်းကျင် ပမာဏ ရှိတဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ TF1 သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်း ဟာ ဘာဒီယာရှီလာရဲ့ ခြေစွမ်းကို စောင့်ကြည့် နေတာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်တယ် လို့ သိရပြီး ယခု ရက်ပိုင်းမှာပဲ မိုနာကိုအသင်းထံ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်နိုင်တယ်လို့ သိရှိရပါတယ်။ ဥရောပရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ မန်ယူအသင်းနဲ့ မိုနာကိုအသင်းတို့ ကြားထဲမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိတာကြောင့် မန်ယူအသင်းဟာ ဘာဒီယာရှီလာကို ခေါ်ယူနိုင်လိမ့်မယ်လို့ သုံးသပ် ထားကြပါတယ်။