ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန်တတ်လာခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့်လည်း အသင်းကြီးတွေကို ကျော်ဖြတ်ပြီး အမှှတ်ပေးဇယားရဲ့အဆင့်(၁၀)အတွင်းမှာ ရပ်တည်နေနိုင်ပြီး ဥရောပဝင်ခွင့်ကို မျှော်လင့်လို့ရနိုင်တဲ့ အခြေအနေထိကို ရောက်ရှိလို့နေတဲ့ ရှက်ဖီးယူနိုက်တက်အသင်းအတွက် ဒီလိုရပ်တည်မှုမျိူးရအောင် စွမ်းဆောင်ပေးခဲ့သူတွေထဲမှာ ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကလည်း အဓိကကျတဲ့ အခန်းကဏ္ဍာကနေ ပါဝင်လျက်ရှိလို့နေပါတယ်။ ဒါပေမယ့် ဒီကစားသမားလေးဟာ ရှက်ဖီးအသင်းအပိုင်မဟုတ်ပဲ မန်ချက်စတာယူနိုက်တက်အသင်းကန အငှားနဲ့ လာကစားသူဖြစ်လို့ အငှားပြည့်ချိန်မှာ ယူနိုက်တက်ကို ပြန်ရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

အသက်၂၃နှစ်အရွှယ်ရှိ အင်္ဂလန်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက်ကနေ ရှက်ဖီးအသင်းဆီကို မနှစ်က ဘောလုံးရာသီကတည်းက အငှားနဲ့သွားရောက်ကစားနေခဲ့သူဖြစ်ကာ အသင်းကို ချန်ပီယံရှစ်ကနေ (၁၀)နှစ်ကျော်ကြာ ဝေးကွာလို့နေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အငှားသက်တမ်းပြည့်သွားချိန်မှာ ဟန်ဒါဆန်ဟာ ယူနိုက်တက်ကို မပြန်သေးပဲ ရှက်ဖီးနဲ့ ဆက်လက်ပူးပေါင်းဖြစ်ခဲ့ရာ အခုဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးသော ဂိုးသမားတွေစာရင်းမှာတောင် ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Getty Image

ဒီလိုလက်စွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဂိုးသမားလေးကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပြီး ချယ်လ်ဆီးအသင်းဆိုရင် သူတို့အသင်းကနေ ရောင်းထုတ်ဖို့ နီးစပ်လျက်ရှိနေတဲ့ စပိန်လက်ရွေးစင် ဂိုးသမားကယ်ပါရဲ့နေရာမှာ အစားထိုးချင်နေပါတယ်။ အခုလို အသင်းတိုင်းရဲ့ ပစ်မှတ်ဖြစ်လာခဲ့သူ ဟန်ဒါဆန်ကို သူရဲ့မိခင်ကလပ် ယူနိုက်တက်အသင်းက လာမယ့်ဘောလုံးရာသီမှာ အငှားချထားမှုမပြုလုပ်တော့ပဲ အသင်းရဲ့ဂိုးပေါက်မှာ နေရာစတင်ပေးဖွယ်ရှိနေပြီး တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းထိပေးကာ နှစ်ရှည်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့ပြင်ဆင်လာခဲ့တာဖြစ်ပြီး ဟန်ဒါဆန်ကတော့ သူ့ကို ပွဲထွက်ဂိုးသမားအဖြစ် ယူနိုက်တက်အသင်းဘက်ကနေ မသတ်မှတ်ပေးနိုင်ရင်တာ့ အသင်းကို ပြန်လာဦးမှာမဟုတ်ပဲ ရှက်ဖီးအသင်းမှာ နောက်ထပ်တစ်ရာသီလောက် ဆက်လက်ရှိနေနိုင်ပါတယ်။