MySport Myanmar

ယူနိုက်တက်က ချန်ပီယံလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မလုံလောက်သေးဘူးလို့ ရွန်းနီ မှတ်ချက်ပြု

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ legend player တစ်ဦးဖြစ်တဲ့ ဝိန်းရွန်းနီက သူရဲ့အသင်းဟောင်း ယူနိုက်တက်အနေနဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လုံလောက်မှု ရှိမနေသေးတာကြောင့် ဒီရာသီအတွင်း အမှတ်ပေးဇယားကနေ အဆင့်(၄)အတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းနေမှုကို မေ့ထားလိုက်ဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး တိုက်စစ်ကစားသမားဖြစ်သူ ရွန်းနီက သူရဲ့ယူနိုက်တက်အသင်းက လက်ရှိမှာ Top 4 ဝင်ခွင့်အတွက် မျှော်မှန်းနေခြင်းထက် အသင်းအနာဂတ်ကိုသာ အာရုံစိုက်ထားသင့်ပြီး အသင်းကိုလည်း (၃)နှစ်လောက် အချိန်ယူတည်ဆောက်ဖို့ လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ “ချန်ပီယံလိဂ်အကြောင်း မေ့ထားလိုက်ပါ။တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အောင်မြင်သွားခဲ့ရင်တောင် သူတို့တွေ နောက်နှစ်ရာသီအတွက် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေ အသင်းကို ပြန်တည်ဆောက်ရပါဦးမယ်။ လူစာရင်းကို ပြန်တည်ဆောက်ရမယ်”

Photo Credit : The Sun

“စီနီယာအသင်းကြီးနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ပြန်လည်တည်ဆောက်ရပါမယ်။ ပရီးမီးယားလိဂ်ဘက်မှာ အမှန်တကယ် ​ပြန်လည် စိန်ခေါ်နိုင်စေဖို့အတွက် (၃)နှစ်ကြာ ကာလအတွင်း အနေအထားတစ်ခုထိ ရောက်ရှိစေနေဖို့အတွက် အားလုံးပြင်ဆင်သွားရပါမယ် ” လို့ ရွန်းနီက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ ဒါဘီကောင်တီအသင်းနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ရွန်းနီဟာ အနာဂတ်ကာလအတွင်း ယူနိုက်တက်နည်းပြအဖြစ် ဆောင်ရွက်ချင်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သလို လာမယ့်ရာသီ အသင်းရဲ့နည်းပြသစ်အတွက်ကိုလည်း အေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ထက် ပီအက်စ်ဂျီနည်းပြ မာရီစီယိုပိုချက်တီနိုကိုသာ အလိုရှိနေပြီး ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းနားလည်နေတဲ့ ပိုချက်တီနိုသာ ယူနိုက်တက်အတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version