လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဒန်နီ မာဖီကတော့ မန်ယူအသင်းဟာ ကွင်းလယ် တိုက်စစ်မှူး လိုအပ်နေတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မဖြစ်မြောက်ခဲ့တာကြောင့် ဟယ်ရီ ကိန်းကို ဘယ်လောက်ပေးရ ခေါ်ယူသင့်တယ်လို့ ပြောပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ဟာလန်းအနေနဲ့ သူ့ရဲ့ နည်းပြဟောင်း ဆိုးလ်ရှားရဲ့ မန်ယူအသင်းကို ပြောင်းဖို့ ဖြစ်လာမယ်လို့ ထင်ခဲ့ကြပေမဲ့လည်း နောက်ဆုံးမှာ ဒေါ့မွန်အသင်းကို ပြောင်းသွားခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ပြီး နည်းပြ ဆိုးလ်ရှားကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးတဲ့ အချိန်မှာ လူသစ် ကစားသမားတွေကို ခေါ်ယူပြီး အထူးသဖြင့် ကွင်းလယ်နေရာ နဲ့ နောက်တန်းနေရာကို အားဖြည့်ခဲ့တာကြောင့် ပုံစံကောင်းတွေကို ပြန်လည် ရရှိလာခဲ့ပါတယ်။ ဒါပေမဲ့လည်း မန်ယူအသင်းဟာ တိုက်စစ်နေရာမှာ အားနည်မှုတွေ အရင်ကလို ရှိနေသေးတဲ့ အတွက်ကြောင့် လီဗာပူးလ် ကစားသမားဟောင်း ဒန်နီ မာဖီက မန်ယူအသင်းအနေနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီ ကိန်းကို ခေါ်ယူသင့်တယ်လို့ အခိုင်အမာ ပြောသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Gaol

Daily Mail သတင်းမှာ လီဗာပူးလ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဒန်နီ မာဖီကတော့ “မန်ယူအသင်းကတော့ လူတွေ အများကြီး တင်ထားကြတာထက် ပရီးမီးယားလိဂ် ဆုဖလား နဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ ပို နီးစပ်လာပါတယ်။ နောက်ဆုံး လိုအပ်နေတဲ့ အရာကတော့ ကမ္ဘာ့ အဆင့် ကွင်းလယ် တိုက်စစ်မှူး ဖြစ်ပါတယ်။ ကွင်းလယ် တိုက်စစ်မှူး လိုအပ်နေတာကို ကျွန်တော်တို့ သိကြသလို မန်ယူအသင်းလည်း သိကြပါတယ်။ ဒါကြောင့်လည်း မန်ယူအသင်းအနေနဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြတာပါပဲ။ တကယ်လို့ ဟယ်ရီ ကိန်းကို ခေါ်ယူလို့ ရမယ် ဆိုရင် စံချိန်တင် ပြောင်းရွေ့ကြေး ဖြစ်နေတယ် ဆိုရင်တောင် မန်ယူူအသင်းအနေနဲ့ ဒီလို အရာကို လက်လွတ်မခံသင့်ပါဘူး”လို့ ပြောခဲ့ပါတယ်။