ဒီနှစ်ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းနဲ့ ထပ်မံမတိုးတော့ပဲ လက်တွဲဖြုတ်သွားတော့မယ့် နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေရာ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက သူရဲ့ကစားသမားကို အလိုရှိတဲ့ အသင်းတွေအနေနဲ့ ကစားသမားကို ခေါ်ယူဖို့အတွက် လက်မှတ်ထိုးကြေး ပေါင်(၂၅)သန်း ပေးချေရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

Antonio Rudiger: Two Premier League clubs monitoring Chelsea defender as  Juventus firm up interest | Football News | Sky Sports

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ရူဒီဂါဟာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဗဟိုနောက်ခံလူတွေထဲမှာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ ခံစစ်မှာလည်း အရေးပါတဲ့ ခံစစ်ကစားသမား ဖြစ်လို့နေပါတယ်။ ချယ်လ်ဆီးအတွက် အရေးပါလှတဲ့ ကစားသမား ဖြစ်နေတဲ့ ရူဒီဂါဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အပြင် လက်ရှိ အသင်းမှာလည်း ပိုင်ရှင်အပြောင်းအလဲနဲ့အတူ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အသင်းနဲ့ လက်တွဲဖြုတ်ဖို့က သေချာသလောက် ရှိနေတဲ့အတွက် သူ့ကို ချယ်လ်ဆီးရဲ့ ပရီးမီးယယားလိဂ်ပြိုင်ဘက် ယူနိုက်တက် အပါအဝင် ရီးယဲလ် ဘိုင်ယန် ဂျုဗီတို့ကနေ ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Antonio Rudiger transfer update as Chelsea defender 'agrees' four-year deal  with Serie A side - football.london

Photo Credit : Football London

ဒီကလပ်အသင်းတွေအနေနဲ့ ရူဒီဂါလို ထိပ်တန်းအဆင့်ရှိ ခံစစ်ကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေး မပါဝင်ပဲ ကစားသမား အလိုရှိနေတဲ့ လစာပမာဏမျိုး စာချုပ်သက်တမ်း ပမာဏမျိုးနဲ့သာ ကမ်းလှမ်းရမှာ ဖြစ်ပေမယ့် ကစားသမားရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားကို ခေါ်ယူချင်တယ်ဆိုရင် ကလပ်အသင်းဘက်က လက်မှတ်ထိုးကြေး ပေါင်(၂၅)သန်း ပေးချေရမယ်လို့ Daily Express ကနေ ဖော်ပြသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁ရခုနှစ်ကမှ ရိုးမားအသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ရူဒီဂါဟာ လက်ရှိအချိန်ထိ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၉၁)ပွဲ ပါဝင်ကစားထားနိုင်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလား အက်အေဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီး လတ်တလောမှာလည်း အသင်းနဲ့အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ထိကိုပါ တတ်လှမ်းထားခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၄၂)ပွဲထိကို ပါဝင်ကစားထားနိုင်တဲ့ ရူဒီဂါဟာ ချယ်လ်ဆီးနဲ့ လမ်းခွဲရင်တောင် အင်္ဂလန်မှာသာ ဆက်နေဖွယ်ရှိလို့ ယူနိုက်တက်အသင်းသာ ရူဒီဂါကို အသေအချာ ကမ်းလှမ်းလာမယ်ဆိုရင် ယူနိုက်တက်က ရူဒီဂါရဲ့ ကလပ်အသင်းသစ် ဖြစ်လာနိုင်ပါတယ်။