စပါးအသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းသွားခဲ့တဲ့ အဲရစ်ဆင်ကတော့ ယူနိုက်တက် အသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြပေမဲ့လည်း မန်ယူအသင်းကို ပြောင်းကစားဖို့ မဖြစ်လာခဲ့ပါဘူးလို့ ပြောသွားခဲ့ပါတယ်။ အဲရစ်ဆင်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရပြီးတဲ့နောက် စပါးအသင်းကနေ ထွက်တော့မယ်လို့ စပြောခဲ့ပြီး ရီးရဲလ်၊ ဂျုဗင်တပ်၊ ပီအက်စ်ဂျီ၊ နဲ့ မန်ယူအသင်းတို့က သူ့ကို စိတ်ဝင်စားခဲ့ပါတယ်။
Photo Credit: Goal
စပါးအသင်းဟာ (၂၀၁၉-၂၀) ရာသီဝက်အထိ အဲရစ်ဆင်ကို ထိန်းချုပ်ထားနိုင်ပေမဲ့ စာချုပ်သစ် ထပ်တိုးဖို့ ဆွေးနွေးညှိနှိုင်းလို့ မရတာ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၄) ရက်နေ့က အင်တာ အသင်းကို ရောင်းခဲ့ပါတယ်။ ကွင်းလယ် ဖန်တီးရှင် အဲရစ်ဆင်က မန်ယူအသင်းနဲ့ ချိတ်ဆက်ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ ပြောခဲ့ပြီး သူတို့နှစ်သင်းကြားက ဆွေးနွေးမှုက ဘယ်တော့မှ ဖြစ်လာမယ့် အရာ မဟုတ်ဘူးလို့ BBC သတင်းမှာ ပြောခဲ့ပါတယ်။
Photo Credit: Goal
အဲရစ်ဆင်ဟာ မန်ယူအသင်းနဲ့ ချိတ်ဆက်ခဲ့တဲ့ အပေါ် မှတ်ချက်ပေးဖို့ အမေးခံရတဲ့ အချိန်မှာပဲ သူက “နှစ်အနည်းငယ် ကြာခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဖြစ်မလာမယ့် ပုံစံမျိုး ဖြစ်ခဲ့တယ်။ ကျွန်တေ်ာတို့ မန်ယူအသင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။ တကယ်ပါ။ နောက်ပြီး ကျွန်တော်တို့အသင်း ဖြစ်နိုင်ချေ နဲ့ မဖြစ်နိုင်တာကို သိခဲ့ရပါတယ်။ အင်တာမီလန်အသင်းက ကမ်းလှမ်းလာတဲ့ အခါ ကျွန်တော့်အတွက် ရွေးချယ်စရာ မခက်ခဲခဲ့တော့ပါဘူး”လို့ BBC သတင်းမှာ ပြောသွားခဲ့ပါတယ်။