မန္ခ်က္စတာၿမိဳ႕ခံအသင္းႏွစ္သင္းျဖစ္တဲ့ ယူနိုက္တက္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ သူတို႔အသင္းရဲ့ ကြင္းလယ္ပိုင္း အားနည္းခ်က္ေတြကို ေျဖရွင္းဖို႔အတြက္ စပါးအသင္းရဲ့ အဓိက ကြင္းလယ္လူျဖစ္တဲ့ ဟယ္ရီဝင့္ခ္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာၾကတယ္လို႔ မန္ခ်က္စတာအေျခစိုက္ သတင္းဌာနေတြက အတိအလင္း ေဖာ္ျပသြားခဲ့ၾကပါတယ္။
Photo Credit: Football London.com
ယူနိုက္တက္အသင္းဟာ ေပါ့ဘာ ၊ ေတာ္မီေနးစတဲ့ အဓိက ကြင္းလယ္ကစားသမားႏွစ္ဦးကို ႏွစ္လနီးပါးေလာက္အထိ လက္လႊတ္ရမွာ ျဖစ္တာေၾကာင့္ လက္ရွိအခ်ိန္မွာ ဖရက္ဒ္နဲ႔ မာတစ္တို႔ႏွစ္ဦးတည္းသာ ကြင္းလယ္အထိုင္ ကစားသမားေတြအျဖစ္ က်န္ရွိပါေတာ့တယ္။ အဆိုပါ ကစားသမားႏွစ္ဦးထဲမွာလည္း မာတစ္ရဲ့ အနာဂတ္ဟာ အသင္းမွာ ဆက္ရွိဖို႔အတြက္ မက်ိန္းေသတာေၾကာင့္ ယူနိုက္တက္အသင္းဟာ ကြင္းလယ္ကစားသမားတစ္ဦးကို ေခၚယူဖို႔ လိုအပ္ေနပါတယ္။
Photo Credit: Football London.com
တစ္ဖက္မွာလည္း မန္စီးတီးအသင္းဟာ အသင္းရဲ့ ဂႏၲဝင္ကစားသမားႏွစ္ဦးလို႔ ဆိုလို႔ရတဲ့ ဖာနန္ဒင္ဟိုနဲ႔ ေဆးဗားလ္တို႔ကို ရာသီကုန္မွာ လက္လႊတ္ရဖို႔ရွိေနတာေၾကာင့္ ကြင္းလယ္ ကစားသမားတစ္ဦးကို ေခၚယူဖို႔ အလိုရွိေနတာျဖစ္ပါတယ္။ ဂြာဒီယိုလာဟာ လက္ရွိ ရွိေနတဲ့ ကြင္းလယ္ကစားသမားေတြထဲမွာ ဖာနန္ဒင္ဟို ၊ ရိုဒရီနဲ႔ ဒီဘရိုင္းတို႔ကိုသာ သေဘာက်သူျဖစ္တာေၾကာင့္ ဖာနန္ဒင္ဟိုရဲ့ေနရာအတြက္ ပရီးမီးယားလိဂ္အေတြ႕အၾကဳံရွိတဲ့ ဟယ္ရီဝင့္ခ္ကို ေခၚယူဖို႔အတြက္ မ်က္စိက်ေနတာပါ။
Photo Credit: Football London.com
အသက္၂၃ႏွစ္အရြယ္သာရွိေသးတဲ့ ဟယ္ရီဝင့္ခ္ဟာ ကြင္းလယ္အထိုင္ ၊ ကြင္းလယ္ခံစစ္ ေနရာေတြမွာ အေကာင္းဆုံးကစားနိုင္သူျဖစ္ၿပီး ပိုခ်က္တီနိုနဲ႔ ေမာ္ရင္ဟိုတို႔ႏွစ္ဦးစလုံးရဲ့ ယုံၾကည္မွုေတြကို ရယူထားနိုင္ခဲ့သူ ျဖစ္ပါတယ္။ စပါးအသင္းဘက္ကေတာ့ အဲရစ္ဆင္ကို လက္လႊတ္ရဖို႔ ရွိေနတာေၾကာင့္ ဟယ္ရီဝင့္ခ္ကို ေရာင္းခ်ဖို႔အတြက္ လက္တြန႔္နိုင္ေပမယ့္ သူတို႔အလိုရွိတဲ့ ေျပာင္းေရႊ႕ေၾကးကိုသာ ေပးေခ်ခဲ့ပါက ေရာင္းထုတ္နိုင္ေခ်ရွိတယ္လို႔ သိရပါတယ္။
မန်ချက်စတာမြို့ခံအသင်းနှစ်သင်းဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အားနည်းချက်တွေကို ဖြေရှင်းဖို့အတွက် စပါးအသင်းရဲ့ အဓိက ကွင်းလယ်လူဖြစ်တဲ့ ဟယ်ရီဝင့်ခ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာကြတယ်လို့ မန်ချက်စတာအခြေစိုက် သတင်းဌာနတွေက အတိအလင်း ဖော်ပြသွားခဲ့ကြပါတယ်။
Photo Credit: Football London.com
ယူနိုက်တက်အသင်းဟာ ပေါ့ဘာ ၊ တော်မီနေးစတဲ့ အဓိက ကွင်းလယ်ကစားသမားနှစ်ဦးကို နှစ်လနီးပါးလောက်အထိ လက်လွှတ်ရမှာ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ ဖရက်ဒ်နဲ့ မာတစ်တို့နှစ်ဦးတည်းသာ ကွင်းလယ်အထိုင် ကစားသမားတွေအဖြစ် ကျန်ရှိပါတော့တယ်။ အဆိုပါ ကစားသမားနှစ်ဦးထဲမှာလည်း မာတစ်ရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်ရှိဖို့အတွက် မကျိန်းသေတာကြောင့် ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ လိုအပ်နေပါတယ်။
Photo Credit: Football London.com
တစ်ဖက်မှာလည်း မန်စီးတီးအသင်းဟာ အသင်းရဲ့ ဂန္တဝင်ကစားသမားနှစ်ဦးလို့ ဆိုလို့ရတဲ့ ဖာနန်ဒင်ဟိုနဲ့ ဆေးဗားလ်တို့ကို ရာသီကုန်မှာ လက်လွှတ်ရဖို့ရှိနေတာကြောင့် ကွင်းလယ် ကစားသမားတစ်ဦးကို ခေါ်ယူဖို့ အလိုရှိနေတာဖြစ်ပါတယ်။ ဂွာဒီယိုလာဟာ လက်ရှိ ရှိနေတဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ ဖာနန်ဒင်ဟို ၊ ရိုဒရီနဲ့ ဒီဘရိုင်းတို့ကိုသာ သဘောကျသူဖြစ်တာကြောင့် ဖာနန်ဒင်ဟိုရဲ့နေရာအတွက် ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ ဟယ်ရီဝင့်ခ်ကို ခေါ်ယူဖို့အတွက် မျက်စိကျနေတာပါ။
Photo Credit: Football London.com
အသက်၂၃နှစ်အရွယ်သာရှိသေးတဲ့ ဟယ်ရီဝင့်ခ်ဟာ ကွင်းလယ်အထိုင် ၊ ကွင်းလယ်ခံစစ် နေရာတွေမှာ အကောင်းဆုံးကစားနိုင်သူဖြစ်ပြီး ပိုချက်တီနိုနဲ့ မော်ရင်ဟိုတို့နှစ်ဦးစလုံးရဲ့ ယုံကြည်မှုတွေကို ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ စပါးအသင်းဘက်ကတော့ အဲရစ်ဆင်ကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် ဟယ်ရီဝင့်ခ်ကို ရောင်းချဖို့အတွက် လက်တွန့်နိုင်ပေမယ့် သူတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကိုသာ ပေးချေခဲ့ပါက ရောင်းထုတ်နိုင်ချေရှိတယ်လို့ သိရပါတယ်။