အိုင်းယတ်စ်အသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား အန်တိုနီကို ခေါ်ယူဖို့ လက်လျှော့လိုက်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ထပ် တိုက်စစ်ပိုင်း option အဖြစ် ခါးသီးမြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ လီရွိုင်းဆာနေးကိုပါ အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာခဲ့ပြီး ခေါ်ယူနိုင်ဖို့ စုံစမ်းမှုတွေပါ လုပ်ဆောင်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Manchester United 'make decision' on Antony pursuit and more transfer  rumours - Manchester Evening News

Photo Credit : Manchester Evening News

အဲရစ်တန်ဟက်ဂ်ရဲ့ မန်ယူနိုက်တက်အသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာပဲ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘယ်နောက်ခံလူ မာလာစီယာ ကွင်းလယ်လူ အဲရစ်ဆင်နဲ့ ဗဟိုနောက်ခံလူ မာတီနက်ဇ်တို့ကို ခေါ်ယူထားခဲ့သလို တိုက်စစ်ပိုင်းအတွက်ကိုလည်း တောင်ပံတိုက်စစ် ဒါမှမဟုတ် အထောင်တိုက်စစ် နေရာတွေမှာ ပါဝင်ကစားတဲ့ ကစားသမားတွေကိုပါ ထပ်မံ ခေါ်ယူသွားချင်နေပါတယ်။ ဒီအတွက်လည်း တန်ဟက်ဂ်က သူရဲ့တပည့်ဟောင်း အန်တိုနီကို main target ထားနေတယ် ဆိုပေမယ့်လည်း အိုင်းယတ်စ်ဘက်က သူတို့ကစားသမားအတွက် မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးမျိုးတွေ သတ်မှတ်လာတာကြောင့် အန်တိုနီအစား တခြား attacking options တွေကို ရွေးချယ်လာခဲ့ရတာ ဖြစ်ပါတယ်။

Sane is on Man Utd's shortlist of attacking targets in the summer window

Photo Credit : The Sun

လက်ရှိမှာတော့ မန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ထုံးစံအတိုင်း ကစားသမား အများအပြားနဲ့ကို သတင်းတွေ ထွက်ပေါ်လို့နေပြီး လတ်တလောမှာလည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီ တောင်ပံကစားသမား ဆာနေးကို ခေါ်ယူချင်နေတယ်လို့ သတင်းထွက်လာခဲ့ပြန်ပါတယ်။ ဆာနေးဟာ မန်ယူနိုက်တက်ရဲ့ မြို့ခံ မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး သူရဲ့လက်ရှိကလပ် ဘိုင်ယန်မှာ ပုံမှန် ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။ ဒီနှစ်ရာသီ ဂျာမန်စူပါဖလားပွဲနဲ့ ဘွန်ဒစ်လီဂါ အဖွင့်ပွဲတွေမှာ အသင်းအတွက် စုစုပေါင်း (၃၉)မိနစ်သာ ပါဝင်ထားခဲ့ရတဲ့ ဆာနေးကို ခေါ်ယူသွားဖို့တွက် မန်ယူနိုက်တက်အသင်းက ဆက်သွယ်မှုတွေ လုပ်ဆောင်နေပြီး တကယ်လို့ ဆာနေးကိုမှ မခေါ်ယူနိုင်ခဲ့ရင်လည်း PSV တောင်ပံကစားသမား ဂတ်ခ်ပို ဝုလ်ဗ် တောင်ပံကစားသမား ပတ်ဒရိုနက်တိုနဲ့ ဗီလာရီးယဲလ် တောက်ပံကစားသမား အာနတ်ဒန်ဂျူမားတို့ကို ဆက်လက် ပစ်မှတ်ထားလည်း အနာဂတ် မရေရာသေးတဲ့ ရော်နယ်လ်ဒိုနေရာအတွက်လည်း ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး ဘင်ဂျမင်ဆက်ကို ကို အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။