ပရီးမီးယားလိဂ္ ကလပ္အသင္းတစ္သင္း ျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ခ်န္ပီယံရွစ္ကလပ္အသင္း တစ္သင္းျဖစ္တဲ့ ဆန္းဒါးလန္းအသင္းရဲ့ အသက္၁၆ႏွစ္အရြယ္ လူငယ္ခံစစ္မွူး လိုဂန္ကို ေခၚယူနိုင္ေတာ့မယ္ လို႔ သိရွိရပါတယ္။

Photo Credit: Metro.com

အသက္၁၆ႏွစ္အရြယ္ လိုဂန္ဟာ လက္ရွိမွာ ယူနိုက္တက္အသင္းထံ ေျပာင္းေရႊ႕ဖို႔အတြက္ လိုအပ္တဲ့ စာရြက္စာတမ္း လုပ္ေဆာင္မွုေတြကို ျပဳလုပ္ေနၿပီး ယူနိုက္တက္အသင္းထံ ေျပာင္းေရႊ႕ဖို႔အတြက္ ဆန္းဒါးလန္းရဲ့ ခြင့္ျပဳခ်က္ကို ရရွိထားၿပီးၿပီလို႔ မန္ခ်က္စတာအေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားခဲ့ၾကပါတယ္။

Photo Credit: Metro.com

လိုဂန္ဟာ ဆန္းဒါးလန္းအသင္းရဲ့ ယူ၁၆ အသင္းမွာ ကစားရင္းကေန ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့တာေၾကာင့္ ယူနိုက္တက္ရဲ့ မ်က္စိက်ျခင္းကို ခံခဲ့ရသူျဖစ္ၿပီး ယူနိုက္တက္ ဟာ လိုဂန္ကို ေခၚယူနိုင္ဖို႔အတြက္ မန္စီးတီး ၊ အာဆင္နယ္ ၊ ခ်ယ္လ္ဆီး စတဲ့ ၿပိဳင္ဘက္ေတြကို ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ေၾကာင္း ဆန္းဒါးလန္းနဲ႔ နီးစပ္သူေတြက ဖြင့္ဟထားၾကပါတယ္။

Photo Credit: Metro.com

လိုဂန္ကို ေခၚယူနိုင္ဖို႔အတြက္ ယူနိုက္တက္ ဟာ ဆန္းဒါးလန္းကို ေလ်ာ္ေၾကးေငြ မည္မၽွ ေပးေဆာင္ခဲ့ရသလဲဆိုတာကို သတင္းေတြမွာ ေဖာ္ျပထားျခင္းမရွိေပမယ့္ ေလ်ာ္ေၾကးအျဖစ္ ေပါင္ ၂၀၀၀၀ ဝန္းက်င္ ေပးေဆာင္ရနိုင္တယ္ လို႔ ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဆန်းဒါးလန်းအသင်းရဲ့ အသက်၁၆နှစ်အရွယ် လူငယ်ခံစစ်မှူး လိုဂန်ကို ခေါ်ယူနိုင်တော့မယ် လို့ သိရှိရပါတယ်။

Photo Credit: Metro.com

အသက်၁၆နှစ်အရွယ် လိုဂန်ဟာ လက်ရှိမှာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်း လုပ်ဆောင်မှုတွေကို ပြုလုပ်နေပြီး ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ဆန်းဒါးလန်းရဲ့ ခွင့်ပြုချက်ကို ရရှိထားပြီးပြီလို့ မန်ချက်စတာအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Metro.com

လိုဂန်ဟာ ဆန်းဒါးလန်းအသင်းရဲ့ ယူ၁၆ အသင်းမှာ ကစားရင်းကနေ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရသူဖြစ်ပြီး ယူနိုက်တက် ဟာ လိုဂန်ကို ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီး ၊ အာဆင်နယ် ၊ ချယ်လ်ဆီး စတဲ့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်ခဲ့ရတာဖြစ်ကြောင်း ဆန်းဒါးလန်းနဲ့ နီးစပ်သူတွေက ဖွင့်ဟထားကြပါတယ်။

Photo Credit: Metro.com

လိုဂန်ကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက် ဟာ ဆန်းဒါးလန်းကို လျော်ကြေးငွေ မည်မျှ ပေးဆောင်ခဲ့ရသလဲဆိုတာကို သတင်းတွေမှာ ဖော်ပြထားခြင်းမရှိပေမယ့် လျော်ကြေးအဖြစ် ပေါင် ၂၀၀၀၀ ဝန်းကျင် ပေးဆောင်ရနိုင်တယ် လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။