ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီးအသင္းျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ စပို႔တင္း ကြင္းလယ္လူ ဖာနန္ဒက္စ္ ၊ လူငယ္ဂိုးသမား ဘစ္ေရွာ့တို႔ကို ေခၚယူထားနိုင္ခဲ့ေပမယ့္ ယလုလို အေျပာင္းအေရႊ႕ေစ်းကြက္ရဲ့ ေနာက္ဆုံး ရက္မွာ တိုက္စစ္မွူးတစ္ဦးကို အငွားနဲ႔ ေခၚယူဖို႔အတြက္ ႀကိဳးပမ္းလို႔ေနပါတယ္။

Photo Credit: Metro.com

အဆိုပါ ကစားသမားကေတာ့ နယူးကာဆယ္ အသင္းရဲ့ တိုက္စစ္မွူးေဟာင္းျဖစ္ကာ လက္ရွိ မွာ ဒါလီယီဖန္အသင္းရဲ့ တိုက္စစ္မွူး ရြန္ဒြန္ပဲ ျဖစ္ပါတယ္။ ဝက္စ္ဘရြန္း ၊ နယူးကာဆယ္ အသင္းတို႔မွာ ကစားခဲ့ဖူးတဲ့ ရြန္ဒြန္ဟာ ပရီးမီးယားလိဂ္အေတြ႕အၾကဳံ ရင့္က်က္သူျဖစ္ၿပီး မန္ယူအသင္းအတြက္ ေကာင္းမြန္တဲ့ ေရြးခ်ယ္မွု ျဖစ္လာနိုင္သူပါ။

Photo Credit: Metro.com

လတ္တေလာထြက္ေပၚေနတဲ့ သတင္းေတြအရ ယူနိုက္တက္အသင္းဟာ ရြန္ဒြန္ကို ရာသီကုန္အထိ အငွားနဲ႔ေခၚယူနိုင္ဖို႔ ကမ္းလွမ္းထားၿပီး ဒါလီယီဖန္အသင္းကလည္း ဝူဟန္ဗိုင္းရပ္ ျပန႔္ပြားေနတဲ့အေနအထားမွာ တ႐ုတ္ေဘာလုံးလိဂ္ ရပ္ဆိုင္းရဖြယ္ရွိေနတာေၾကာင့္ လစာေငြ ေပးေခ်ရမွုေလ်ာ့နည္းေစရန္ ရြန္ဒြန္ကို အငွားနဲ႔ ေစလႊတ္လိုေနတယ္လို႔ သိရပါတယ္။

Photo Credit: Metro.com

ယူနိုက္တက္အသင္းနည္းၿပ ဆိုးလ္ရွားက အသင္းအတြက္ အသားအနာခံကာ ဂိုးသြင္းေပးမယ့္တိုက္စစ္မွူး တစ္ဦးကို အလိုရွိေၾကာင္း ဖြင့္ဟထားခဲ့ဖူးပါတယ္။ ရြန္ဒြန္နဲ႔ ယူနိုက္တက္ တို႔ရဲ့ အေျပာင္းအေရႊ႕ျဖစ္ေျမာက္လာမလားဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္သြားရမွာပဲ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ် ၊ လူငယ်ဂိုးသမား ဘစ်ရှော့တို့ကို ခေါ်ယူထားနိုင်ခဲ့ပေမယ့် ယလုလို အပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံး ရက်မှာ တိုက်စစ်မှူးတစ်ဦးကို အငှားနဲ့ ခေါ်ယူဖို့အတွက် ကြိုးပမ်းလို့နေပါတယ်။

Photo Credit: Metro.com

အဆိုပါ ကစားသမားကတော့ နယူးကာဆယ် အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်ကာ လက်ရှိ မှာ ဒါလီယီဖန်အသင်းရဲ့ တိုက်စစ်မှူး ရွန်ဒွန်ပဲ ဖြစ်ပါတယ်။ ဝက်စ်ဘရွန်း ၊ နယူးကာဆယ် အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ရွန်ဒွန်ဟာ ပရီးမီးယားလိဂ်အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး မန်ယူအသင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်လာနိုင်သူပါ။

Photo Credit: Metro.com

လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ရွန်ဒွန်ကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းထားပြီး ဒါလီယီဖန်အသင်းကလည်း ဝူဟန်ဗိုင်းရပ် ပြန့်ပွားနေတဲ့အနေအထားမှာ တရုတ်ဘောလုံးလိဂ် ရပ်ဆိုင်းရဖွယ်ရှိနေတာကြောင့် လစာငွေ ပေးချေရမှုလျော့နည်းစေရန် ရွန်ဒွန်ကို အငှားနဲ့ စေလွှတ်လိုနေတယ်လို့ သိရပါတယ်။

Photo Credit: Metro.com

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အသင်းအတွက် အသားအနာခံကာ ဂိုးသွင်းပေးမယ့်တိုက်စစ်မှူး တစ်ဦးကို အလိုရှိကြောင်း ဖွင့်ဟထားခဲ့ဖူးပါတယ်။ ရွန်ဒွန်နဲ့ ယူနိုက်တက် တို့ရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်လာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။