ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီးအသင္းျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ သူတို႔အသင္းရဲ့ ဒဏ္ရာရကစားသမားမ်ားေနတဲ့ ကြင္းလယ္ပိုင္းအတြက္ ဂ်ဴဗင္တပ္အသင္းမွာ ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ ရာဘီေယာ့စ္ကို အငွားနဲ႔ ကမ္းလွမ္းဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ အဂၤလန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလိုက္ၾကပါတယ္။

Photo Credit: Express.com

ယူနိုက္တက္အသင္းဟာ ကြင္းလယ္ပိုင္းမွာ အသင္းရဲ့ အဓိက ကစားသမားေတြျဖစ္တဲ့ ေတာ္မီေနးနဲ႔ ေပါ့ဘာတို႔ကို ႏွစ္လနီးပါး လက္လႊတ္ရမွာျဖစ္တာေၾကာင့္ ကြင္းလယ္ပိုင္းမွာ အားနည္းခ်က္ေတြ အမ်ားအျပားရွိေနၿပီး လက္ရွိမွာ မာတစ္ ၊ ဖရက္ဒ္တို႔ႏွစ္ဦးသာ အမာခံအျဖစ္ ရွိေနၿပီး လူငယ္အသင္းက ဂါနာတို႔ကို ေခၚယူသုံးစြဲရမယ့္ အေနအထားအထိ ေရာက္ေနတာလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

အီတလီသတင္းစာေတြရဲ့ အဆိုအရေတာ့ ဂ်ဴဗင္တပ္အသင္းဟာ အသင္းမွာ ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့ ရာဘီေယာ့စ္ကို အငွားခ်ဖို႔ စိတ္ကူးမရွိေပမယ့္ လုံေလာက္တဲ့ ကမ္းလွမ္းမွုကို ရရင္ေတာ့ အငွားထြက္ကစားဖို႔ ခြင့္ျပဳမယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ရာဘီေယာ့စ္ကို ေခၚယူဖို႔အတြက္ ယူနိုက္တက္ရဲ့ ၿပိဳင္ဘက္ အသင္းျဖစ္တဲ့ အာဆင္နယ္အသင္းကလည္း စိတ္ဝင္စားေနပါတယ္။

Photo Credit: Express.com

မန္ခ်က္စတာအေျခစိုက္ သတင္းဌာနေတြကေတာ့ ယူနိုက္တက္အသင္းဟာ ရာဘီေယာ့စ္အျပင္ ဂ်ဴဗင္တပ္အသင္းရဲ့ ေနာက္ထပ္ ကြင္းလယ္လူျဖစ္တဲ့ အမ္မရီခ်န္ကိုလည္း စိတ္ဝင္စားေနတယ္လို႔ ေဖာ္ျပထားၾကပါတယ္။ ရာဘီေယာ့စ္အေနနဲ႔ကေတာ့ ပုံမွန္ပြဲထြက္ခြင့္ရတဲ့ အသင္းကိုသာ ေရြးခ်ယ္သြားဖို႔ ရွိေနၿပီး အာဆင္နယ္အသင္းထက္ ယူနိုက္တက္အသင္းကို ေရြးခ်ယ္ဖို႔က ပိုၿပီးေတာ့ ျဖစ္နိုင္ေၾကာင္း ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူတို့အသင်းရဲ့ ဒဏ်ရာရကစားသမားများနေတဲ့ ကွင်းလယ်ပိုင်းအတွက် ဂျူဗင်တပ်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ရာဘီယော့စ်ကို အငှားနဲ့ ကမ်းလှမ်းဖို့အတွက် ပြင်ဆင်နေတယ်လို့ အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလိုက်ကြပါတယ်။

Photo Credit: Express.com

ယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တော်မီနေးနဲ့ ပေါ့ဘာတို့ကို နှစ်လနီးပါး လက်လွှတ်ရမှာဖြစ်တာကြောင့် ကွင်းလယ်ပိုင်းမှာ အားနည်းချက်တွေ အများအပြားရှိနေပြီး လက်ရှိမှာ မာတစ် ၊ ဖရက်ဒ်တို့နှစ်ဦးသာ အမာခံအဖြစ် ရှိနေပြီး လူငယ်အသင်းက ဂါနာတို့ကို ခေါ်ယူသုံးစွဲရမယ့် အနေအထားအထိ ရောက်နေတာလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

အီတလီသတင်းစာတွေရဲ့ အဆိုအရတော့ ဂျူဗင်တပ်အသင်းဟာ အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ရာဘီယော့စ်ကို အငှားချဖို့ စိတ်ကူးမရှိပေမယ့် လုံလောက်တဲ့ ကမ်းလှမ်းမှုကို ရရင်တော့ အငှားထွက်ကစားဖို့ ခွင့်ပြုမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရာဘီယော့စ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ရဲ့ ပြိုင်ဘက် အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။

Photo Credit: Express.com

မန်ချက်စတာအခြေစိုက် သတင်းဌာနတွေကတော့ ယူနိုက်တက်အသင်းဟာ ရာဘီယော့စ်အပြင် ဂျူဗင်တပ်အသင်းရဲ့ နောက်ထပ် ကွင်းလယ်လူဖြစ်တဲ့ အမ်မရီချန်ကိုလည်း စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားကြပါတယ်။ ရာဘီယော့စ်အနေနဲ့ကတော့ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ အသင်းကိုသာ ရွေးချယ်သွားဖို့ ရှိနေပြီး အာဆင်နယ်အသင်းထက် ယူနိုက်တက်အသင်းကို ရွေးချယ်ဖို့က ပိုပြီးတော့ ဖြစ်နိုင်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။