ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အသက်၁၈နှစ်အရွယ် လူငယ်ကစားသမားလေး ဆာကာဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ တခြားနာမည်ကြီး အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ လီဗာပူးလ် အသင်းတို့ရဲ့ စောင့်ကြည့်မှုကို ခံနေရတယ်လို့ သိရှိရပါတယ်။

Photo Credit: Metro.com

လက်ရှိဘောလုံးရာသီမှာ အာဆင်နယ် အသင်းအတွက် ဘယ်နောက်ခံလူနေရာမှာ အများဆုံးကစားပေးထားတဲ့ ဆာကာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ပွဲအထိ ကစားခွင့်ရရှိထားရာမှာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့သလို နည်းပြအာတီတာရဲ့ နည်းစနစ်မှာလည်း အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေသူပါ။

Photo Credit: Metro.com

ဒါပေမယ့် အင်္ဂလန်သတင်းစာတွေရဲ့ ဖော်ပြမှုအရတော့ ဆာကာဟာ အာဆင်နယ်အသင်းနဲ့ ၁၈လသာ စာချုပ်သက်တမ်းကျန်ရှိတော့ကာ လက်ရှိအချိန်အထိလည်း စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေသေးတဲ့ အနေအထားကြောင့် မန်ယူနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဆာကာကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Photo Credit: Metro.com

အာဆင်နယ်အသင်းဘက်ကတော့ ဆာကာကို အလွယ်တကူ လက်လွှတ်မှာမဟုတ်ပဲ ကာလရှည်စာချုပ် ချုပ်ဆိုဖို့ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် သတင်းတွေက ဖော်ပြထားကြပါတယ်။ ဆာကာဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်၃၀၀၀ ရရှိနေသူပါ။