ပြီးခဲ့တဲ့ အပြောင်းအရွှေ့စျေးကွက်လောက်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့တဲ့ မာဆေးလ်အသင်း ကွင်းလယ်ကစားသမား ဘူဘတ်ကာကာမာရာဟာ လက်ရှိမှာတော့ စပိန်လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီလို့ GOAL ကနေ အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှွယ် ပြင်သစ်ကွင်းလယ်လူ ကာမာရာဟာ မာဆေးလ်လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၆ခုနှစ်မှာပဲ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရတာ ဖြစ်ပါတယ်။ မာဆေးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၄၆)ပွဲအထိကို ပါဝင်ကစားထားခဲ့တဲ့ ကွင်းလယ်ခံစစ် ကစားသမား ကာမာရာဟာ ၂၀၂၂ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှာပဲ မာဆေးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်နွေစျေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မယ့် ကာမာရာကို ယူနိုက်တက်အပါအဝင် ဥရောပ ကလပ်အသင်းများစွာက ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Goal

ကာမာရာကို ယူနိုက်တက်အပြင် စပါး ဆောက်သမ်တန်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ဘိုင်ယန်မြူးနစ်လို ထိပ်တန်းကလပ်အသင်းကြီးကပါ စိတ်ဝင်စားနေတာဖြစ်ပေမယ့် ဒီအသင်းတွေထက် ဒီယေဂိုဆီမြွန်နီရဲ့ အသက်လက်တီကိုအသင်းကသာ ကာမာရာကို အရခေါ်ယူသွားနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လာခဲ့ရပါတယ်။ ကာမာရာကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ အသက်လက်တီကိုထက် ကစားသမားရဲ့ လုပ်ခလစာကို ပမာဏမြင့်မားစွာ ပေးချေသွားနိုင်မယ့် အသင်းတွေ ရှိနေပေမယ့်လည်း ရည်မှန်းချက်အပြည့်ရှိတဲ့ အသင်းရဲ့ ပရောဂျက်ကြောင့် ကစားသမားကိုယ်တိုင်က အသက်လက်တီကိုအသင်းကိုသာ ရွေးချယ်သွားဖို့ အလေးသာနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ကာမာရာရဲ့ သူရဲ့အသင်းသစ်နဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ ဆုံးဖြတ်ချက်ကို မသိရှိရသေးမဲ လာမယ့်ဧပြီလ အစောပိုင်းကာလမှာပဲ သူရဲ့အနာဂတ်အတွက် ရှင်းလင်းတဲ့ အဖြေတခု ချမှတ်သွားဖွယ် ရှိနေသလို သူ့ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အသက်လက်တီကိုအသင်းကိုသာ ရွေးချယ်ဖွယ် ရှိနေပါတယ်။