မန်စီးတီးအသင်းနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ အီလန်မယ်လီကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စီနီယာကင်းထောက် နှစ်ဦးကနေ မယ်လီရဲ့ လက်စွမ်းတွေကို လာရောက်လေ့လာ ကြည့်ရှုခဲ့ကြပေမယ့် ပြင်သစ်ဂိုးသမားလေး မယ်လီကတော့ ကံဆိုးစွာနဲ့ပဲ အဲ့ဒီပွဲစဉ်အတွင်းမှာ မန်စီးတီးအသင်းဘက်ကို ပေးဂိုး(၇)ဂိုးအထိကို ခွင့်ပြုသွားခဲ့ရပါတယ်။

Photo Credit : Sky Sports

အသက်(၂၁)နှစ်အရွှယ်ရှိ ပြင်သစ်ဂိုးသမား မယ်လီဟာ ၂၀၁၈ခုနှစ်ကတည်းက ပြင်သစ်ကလပ် လော်ရီးယန့်ကနေ လိဒ်စ်ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လော်ရီးယန့်မှာ တစ်ရာသီ အငှားကစားပြီးမှ လိဒ်စ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ကာ အသင်းရဲ့ နံပါတ်တစ်ဂိုးသမားပါ ဖြစ်လာခဲ့ရပါတယ်။ လိဒ်စ်အသင်းနဲ့ ပွဲဦးထွက်ခဲ့ရတဲ့ ဘောလုံးရာသီမှာပဲ အသင်းနဲ့အတူ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး လိဒ်စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တတ်လှမ်းခွင့်ရခဲ့တဲ့ မယ်လီဟာ အခုဆိုရင် သူရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဖြတ်သန်းနေရတာဖြစ်ပြီး အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန်ကို လက်လွတ်ရဖွယ် ရှိလို့နေတဲ့ ယူနိုက်တက်အသင်းဟာလည်း ဟန်ဒါဆန်ရဲ့့နေရာမှာ ဂိုးသမားမယ်လီနဲ့ အစားထိုးဖို့ ချိန်ရွှယ်လျက် ရှိနေတယ်လို့ သိရပါတယ်။

 

Photo Credit : Daily Mail

ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ဂိုးသမား ဟန်ဒါဆန်က အသင်းမှာ နံပါတစ်ဂိုးသမားအဖြစ်နဲ့ ပွဲကစားခွင့်များစွာ ရရှိချင်နေပြီး ယူနိုက်တက်ကလည်း ဒီနှစ်ရာသီအတွင်းမှာ အသင်းရဲ့ ဂိုးပေါက်မှာ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာကိုသာ နေရာပိုပေးထားခဲ့တာကြောင့် ဒီအခြေအနေကို ဟန်ဒါဆန်ဘက်ကနေ စိတ်ပျက်လို့နေပြီး ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်း ကင်းထောက်တွေက အသင်းအတွက် ဂိုးသမားတစ်ဦး ရှာပုံတော်ဖွင့်ဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေထဲကမှ အရည်အချင်းရှိတဲ့ လူငယ်ဂိုးသမားလေးဖြစ်တဲ့ မယ်လီကို တွေ့ရှိထားတာကြောင့် မန်စီးတီးနဲ့လိဒ်စ်ပွဲမှာ မယ်လီရဲ့ လက်စွမ်းတွေကို သွားရောက် လေ့လာအကဲခတ်ခဲ့ရာ မယ်လီအနေနဲ့ ကံဆိုးခဲ့ပြီး သူတာဝန်ယူထားတဲ့ ဂိုးပေါက်ထဲကို မန်စီးတီးအသင်းရဲ့ သွင်းဂိုး(၇)ဂိုးထိ ခွင့်ပြုပေးခဲ့လိုက်ရပါတယ်။ ဒါပေမယ့် ပြင်သစ်ဂိုးသမားလေး မယ်လီဟာ အသက်အရွှ့ယ် ငယ်ရွယ်သေးသူဖြစ်ပြီး လိဒ်စ်လို တိုက်စစ်ကိုပဲ အသားပေးတဲ့ အသင်း ခံစစ်အားကောင်းမှု သိပ်မရှိလှတဲ့ အသင်းမျိုးရဲ့ ဂိုးပေါက်ကို တာဝန်ယူနေသူ ဖြစ်တာကြောင့် အသင်းရဲ့ ပေးဂိုးတိုင်းဟာ မယ်လီနဲ့ သက်ဆိုင်ခြင်းမရှိသလို မယ်လီဟာ ဒီရာသီမှာလည်း နောဝစ်ချ်ဂိုးသမား တင်ကရူးလ်နောက် ပရီးမီးယားရဲ့ ဒုတိယမြောက် ကာကွယ်မှုအများဆုံး ဂိုးသမားတစ်ဦးလည်း ဖြစ်လို့နေပါတယ်။