မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိမှာ သူတို့အသင်းရဲ့ အဓိက ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်မှာ ကျိန်းသေပေါက် ရောင်းထုတ်သွားရမှာ ဖြစ်ကြောင်းနဲ့ ရောင်းထုတ်ဖို့လဲ အစီအစဉ် ရေးဆွဲထားကြောင်း အင်္ဂလန်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit: Standard.com

အသက်၂၆နှစ်အရွယ် ကွင်းလယ်လူ ပေါ့ဘာဟာ လက်ရှိဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရသူတစ်ဦးဖြစ်ကာ အသင်းအတွက် ရာသီအစပွဲစဉ်တချို့ကိုသာ ကစားခွင့် ရရှိထားသူပါ။ အင်္ဂလန်သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို လက်ကျန်စာချုပ်အနေအထားအရ ရာသီကုန်မှာ ကျိန်းသေပေါက် ရောင်းချသွားရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Standard.com

ယူနိုက်တက်အသင်းနဲ့အတူ ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ဦးဖြစ်ကြောင်း ပြသထားခဲ့တဲ့ ပေါ့ဘာဟာ ယခုနှစ်ရာသီကုန်ဆုံးချိန်မှာ အသင်းနဲ့အတူ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး အသင်းကနေ ဒုတိယ အကြိမ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမသွားဖို့အတွက် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် နွေစျေးကွက်မှာ ပေါ့ဘာကို တန်ကြေးထက် အနည်းငယ်လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်သွားနိုင်တယ်လို့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Standard.com

လတ်တလောမှာတော့ ပေါ့ဘာကို ခေါ်ယူဖို့ အသင်းဟောင်း ဂျူဗင်တပ် ၊ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာစတဲ့ ဥရောပရဲ့ ထိပ်သီးအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ ယူနိုက်တက် အသင်းကတော့ ပေါ့ဘာကို ရောင်းချသွားဖို့ ဆန္ဒရှိနေပေမယ့် ပေါ့ဘာရဲ့တန်ကြေးကို ပေါင် ၁၀၀သန်း သတ်မှတ်ထားပြီး ဘယ်အသင်းက ပေါ့ဘာကို ပေါင်၁၀၀သန်းနဲ့ ကမ်းလှမ်းမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။