ဒီတစ်ပတ်ရဲ့ ကြားရက်တာအတွင်းမှာ အက်အေဖလားပြိုင်ပွဲရဲ့ ပဥ္စမအဆင့်ပွဲစဉ်တွေကို ကျင်းပလျက်ရှိနေပြီး လာမယ့်ကြာသပတေးနေ့ညမှာတော့ ပဥ္စမအဆင့်ပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဒါဘီကောင်တီအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီအသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုက အရမ်းစိတ်ဝင်စားစရာမရှိပေမယ့်လည်း ဒါဘီအသင်းမှာ ပါဝင်လျက်ရှိနေတဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဝိန်းရူနီက သူရဲ့အသင်းဟောင်းယူနိုက်တက်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မယ့်ပွဲဖြစ်နေတာကြောင့် သာမာန်အက်အေဖလားပွဲတစ်ပွဲဲထက် အဓိပ္ပာယ်ပိုရှိနေမှာ အသေအချာပါပဲ။

Photo Credit : The Sun

ပရီးမီးယားလိဂ်ကနေ စွန့်ခွာပြီး ဒီစီယူနိုက်တက်အသင်းနဲ့အတူ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲအတွင်းမှာ ကျင်လည်ဖြစ်ခဲ့သေးတဲ့ ရူနီဟာ အခု ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အင်္ဂလန်မြေကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဒါဘီကောင်တီအသင်းမှာ ကစားနဲ့နည်းပြအဖြစ် ဆောင်ရွှက်နေတာဖြစ်ပါတယ်။ အခုတော့ ရူနီဟာ သူရဲ့ဒါဘီအသင်းနဲ့တူ အသင်းဟောင်းယူနိုက်တက်အသင်းနဲ့ အက်အေဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ကာ အသင်းပေါ် ချစ်မြတ်နိုးမှုအပြည့်ရှိပေမယ့်လည်း အခုတစ်ခေါက်တွေ့ဆုံမှုမှာတော့ ယူနိုက်တက်ကိုကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တတ်လှမ်းချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်၃၄နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်းရူနီက “ကျွန်တော် ယူနိုက်တက်ကို ချစ်မြတ်နိုးပါတယ်။ အသင်းကို နိုင်ပွဲတွေရပြီး အောင်မြင်မှုတွေ ရယူနေတဲဲ့အသင်းအဖြစ် မြင်တွေ့သွားချင်ပါတယ်။ ကျွန်တော် ယူနိုက်တက်မှာရှိခဲ့တဲ့ အချိန်တွေတုန်းကလည်း အသင်းက အရမ်းခမ်းနားခဲ့တယ်။ ကျွန်တော်တို့တွေ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဖလားတွေအပြင် တခြားသောဆုဖလားတွေကိုလည်း ပိုင်ဆိုင်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်ကျဆင်းသွားတဲ့ အချိန်တွေလည်း ရှိခဲ့တာပေါ့လေ။ အခုထိလည်း ယူနိုက်တက်အပေါ်မှာ ကျွန်တော်ရဲဲ့ချစ်ခြင်းမေတ္တာတွေက ရှိလို့နေဆဲပါ။ ဒါပေမယ့်လည်း အခုကစားရမယ့် မိနစ်၉၀ ဒါမှမဟုတ် မိနစ်၁၂၀အတွင်းမှာတော့ ယူနိုက်တက်ကို ရှံးပွဲဲတွေ့စေချင်ပါတယ်။ ကျွန်တော်ရဲ့ဒါဘီအသင်း နောက်တစ်ဆင့်တတ်သွားတာပဲ ဖြစ်စေချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရူနီဟာ ယူနိုက်တက်အသင်းနဲဲ့အတူ ၂၀၁၆ခုနှစ်ကလည်း အက်အေဖလားကို ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။