Photo Credit: TheSun
Photo Credit: TheSun
{Unicode}
မန်ယူ ဂန္တာဝင် ကွင်းလယ် ကစားသမား ဂစ်ကတော့ လာမယ့် ရာသီမှာ ကွင်းလယ် ကစားသမား ပေါ့လ်ဘာကို မန်ယူအသင်းမှာ မမြင်ချင်တော့ဘူးလို့ အခိုင်အမာ ပြောထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂစ်ဟာ လာမယ့် ရာသီမှာ ပေါ့လ်ဘာကို မန်ယူအသင်းမှာ ဆက်မြင်တွေ့ဖို့ မျှော်လင့်သလားလို့ အမေးခံခဲ့ရတဲ့ အချိန်မှာ မမြင်ချင်တော့ပါဘူးလို့ (၂) ကြိမ်တိုင်တိုင် ပြန်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit: TheSun
ပြင်သစ် လက်ရွေးစင် ကစားသမား ပေါ့လ်ဘာဟာ လက်ရှိမှာ ဒဏ်ရာပြဿနာကြောင့် အနားယူ နေရသလို သူ့ရဲ့ အေးဂျင့်က သူ့ကို အသင်းကနေ ထွက်သွားဖို့ တိုက်တွန်းခဲ့ဖူးတာ ဖြစ်ပါတယ်။ မန်ယူ ကစားသမားဟောင်း နဲ့ လက်ရှိ ဝေးလ် နည်းပြ ဂစ်က မန်ယူအသင်းအနေနဲ့ ခြေချင်းဝက် ဒဏ်ရာခွဲစိတ်ရမယ့် ပေါ့လ်ဘာကို ရောင်းသင့်ပြီလို့ အခိုင်အမာ အကြံပေး ပြောဆိုခဲ့ပါတယ်။
Photo Credit: TheSun
ဂစ်ဟာ လာမယ့် ရာသီမှာ ပေါ့လ်ဘာကို မန်ယူအသင်းမှာ ဆက်မြင်တွေ့ဖို့ မျှော်လင့်သလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “မမြင်ချင်ဘူး။ မမြင်ချင်တော့ဘူး။ ကျွန်တော် ဆိုးလ်ရှားအတွက် စိတ်မကောင်းဖြစ်ရတယ်။ ဘာလို့လဲဆိုရင် သူက ပေါ့လ်ဘာနဲ့ ပက်သက်တဲ့ မေးခွန်းတွေကိုပါ အမြဲ ဖြေနေရတယ်။ အခု သူ မပါလည်း မန်ယူအသင်း ကောင်းနေပါတယ်”လို့ ပြောခဲ့ပါတယ်။