အာဆင်နယ် မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့ ကစားသမားဟောင်းကြီး ရော်ဘင်ဗန်ပါစီရဲ့ သားဖြစ်သူ ရှကွီရယ်ဗန်ပါစီဟာ သူရဲ့ တောက်ပလာတဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အခုဆိုရင် သူ့ဖခင် ရော်ဘင်ဗန်ပါစီရှိရာ နယ်သာလန် ထိပ်သီးကလပ် ဖီယင်နုအသင်းရဲ့ ဖီယင်နု ယူ-၁၇အသင်းနဲ့ (၃)နှစ်စာချုပ်ပါ ချုပ်ဆိုလိုက်ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

Shaqueel van Persie is close to signing a three-year deal with Feyenoord, according to reports

Photo Credit : The Sun

နယ်သာလန် ကစားသမားဟောင်းကြီး ရော်ဘင်ဗန်ပါစီဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း သူရဲ့ ပထမဆုံးသော ကလပ်အသင်းဖြစ်တဲ့ ဖီယင်နုအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်နေတာ ဖြစ်ပါတယ်။ ဗန်ပါစီဟာ သားသမီး(၂)ဦး ထွန်းကားထားခဲ့ပြီး အကြီးဆုံး ရင်သွေးဖြစ်သူ အသက်(၁၅)နှစ်အရွှယ် သား ရှကွီရယ်ဗန်ပါစီက အခုဆိုရင် သူ့ဖင် တာဝန်ယူနေတဲ့ ဖီယင်နု ယူ-၁၇အသင်းနဲ့ပါ လက်တွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီချာတိတ်လေးဟာ ဖခင်ရဲ့ခြေရာကို လိုက်နင်းနိုင်မယ့် ကြယ်ပွင့်လေးလို့ တင်စားခေါ်ဆိုနေကြပြီး ရှကွီရယ်ဟာ သူ့ဖခင် ရော်ဘင်ဗန်ပါစီ ကစားသမားဘဝ အစပိုင်းမှာ ပါဝင်ကစားခဲ့တဲ့ ဘယ်တောင်ပံနေရာကိုပဲ လိုက်ပါကစားတာ ဖြစ်ပါတယ်။

Robin van Persie set to coach his academy starlet son Shaqueel, 14, next  season | Daily Mail Online

Photo Credit : Daily Mail

မန်ချက်စတာစီးတီး လူငယ်အကယ်ဒမီ ဖီနာဘာချီ လူငယ်အကယ်ဒမီတွေကနေ ဖီယင်နုလူငယ်အကယ်ဒမီဆီ ရောက်ရှိလာခဲ့တဲ့ ရှကွီရယ်ဟာ အခုဆိုရင် ဖီယင်နု ယူ-၁၇အသင်းမှာပါ ပါဝင်ကစားရတော့မှာ ဖြစ်သလို နယ်သာလန် ယူ-၁၆အသင်းနဲ့ပါ ပါဝင်ဆင်နွဲထားခဲ့ဖူးပြီး ခြေစွမ်းတွေလည်း ပြသထားနိုင်ပါသေးတယ်။ ဘယ်တောင်ပံ ညာတောင်ပံနဲ့ တိုက်စစ်မှူးအဖြစ်ပါ ပါဝင်ကစားနေသူ ရှကွီရယ်ဟာ သူ့ဖခင်ရဲ့ ဗီဇအတိုင်း ဂိုးတွေ သွင်းယူရာမှာပါ တိုးတတ်ကောင်းမွန်လာတာကြောင့် သူ့ကို ဖီယင်နုအသင်းဘက်က အခုလို စာချုပ်ချုပ်ဆိုခဲ့တာလို့လည်း သိရပါတယ်။ ရော်ဘင်ဗန်ပါစီကလည်း လက်ရှိမှာ ဖီယင်နုအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်နေရတဲ့အပြင် သူရဲ့သားဖြစ်သူကပါ ဖီယင်နု လူငယ်အသင်းမှာ ပါဝင်ရတော့မှာဖြစ်လို့ သူ့အသင်းဟောင်း ယူနိုက်တက်နဲ့ ပတ်သက်ပြီး ကမ်းလှမ်းမှုတစ်ခုကိုပါ ပယ်ချခဲ့ရတာ ဖြစ်ပါတယ်။ မကြာခင်မှာ ယူနိုက်တက်နည်းပြသစ် ဖြစ်လာတော့မယ့် အဲရစ်တန်ဟက်ဂ်က ဗန်ပါစီကို သူတို့နည်းပြအဖွဲ့ဝင်ထဲ ဝင်ရောက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဗန်ပါစီက သူရဲ့သား ရှကွီရယ်ကြောင့်ရော သူရဲ့မွေးရပ်မြေမှာ မိသားစုဝင်တွေနဲ့အတူ ရှိနေနိုင်ဖို့အတွက်ပါ တန်ဟက်ဂ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ရတာ ဖြစ်ပါတယ်။