ကွင်းလယ်ပိုင်း အင်အားဖြည့်တင်းမှုတစ်ခုအဖြစ် ဘရူနိုဖာနန်ဒက်စ်ကို စပို့တင်းလစ္စဘွန်းအသင်ကန ခေါ်ယူခဲ့ပြီးတဲ့နောက်မှာ အသင်းရဲ့ ရလဒ်တွေ တောက်လျှောက်ကောင်းမွန်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာလည်း ကွင်းလယ်ပိုင်းကို ထပ်မံဖြည့်တင်းသွားဖို့ ချိန်ရွှယ်လျက်ရှိနေပြီး လတ်တလောမှာတော့ မိုချန်ဂလာဘတ်ချ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒန်းနစ်ဇာကာရီးယားကို ခေါ်ယူဖို့အတွက် အခြားသောအသင်းတွေထက် အခြေအနအကောင်းဆုံး ရှိလို့နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Image

အသက်၂၃နှစ်အရွှယ်ရှိလို့နေပြီဖြစ်တဲ့ ဆွတ်ဇာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဇာကာရီးယားဟာ မိုချန်ဂလာဘတ်ချ်အသင်းနဲ့အတူ ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲအတွင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ သူ့ကို လီဗာပူးလ်အပါအဝင် ဥရောပအသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ အပြိုင်ဆိုင်စိတ်ဝင်တစားရှိလို့နေပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းဘက်ကနေ အခြေအနေအကောင်းဆုံးရှိနေတယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။ လာမယ့်ဘောလုံးရာသီမှာ ယူနိုက်တက်ကွင်းလယ်ပိုင်းကနေ ပေါ့ဘာနဲ့မာတစ်တို့ ထွက်ခွာဖွယ်ရှိနေလို့ သူတို့နေရာအတွက် ဇာကာရီးယားကို အစားထိုးချင်နေတာဖြစ်ပါတယ်။

Photo Credit : Getty Image

ဇာကာရီးယားဟာ ၂၀၁၇ခုနှစ်ကမှ ဆွတ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းကနေ မိုချန်ဂလာဘတ်ချ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေစတင်ကာ မိုချန်ဂလာဘတ်ချ်အသင်းအတွက် ပွဲပေါင်းတစ်ရာကျော်အထိ ပါဝင်ကစားထားခဲ့ကာ အသင်းရဲ့အမာခံကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ သူ့ကို အသင်းပေါင်းများစွာကနေ ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး အသက်လက်တီကို ဒေါ့မွန် လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ကနေ စိတ်ဝင်တစားရှိနေခဲ့ရတာဖြစ်ကာ လက်ရှိမှာတော့ ယူနိုက်တက်အသင်းက ဇာကာရီးယားကို ခေါ်ယူရရှိနိုင်ဖို့အတွက် အခြေအနေအကောင်းဆုံးဖြစ်လို့နေပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် ကစားသမားသစ်များစွာကို ခေါ်ယူသွားဖွယ်ရှိလို့နေပါတယ်။