မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက အက်အေဖလား ပဥ္စမအဆင့် ရှံးထွက်ပွဲစဉ်အဖြစ် ဒါဘီကောင်တီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး အီဂါလို လုခ်ရှောတို့ရဲဲ့သွင်းဂိုးတွေနဲ့အတူ ၃ဂိုး ဂိုးမရှိ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ဆီကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အသင်းရဲ့ကွင်းလယ်ကစားသမား ဂျက်စီလင်ဂတ်က ယူနိုက်တက်အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားပေးနိုင်ခဲ့ပေမယ့် ခြေစွမ်းတွေတော့ မပြသနိုင်ခဲ့သလို ပွဲအပြီးမှာ ပရိသတ်တွေရဲ့အသားအရောင်ခွဲခြားစော်ကားမှုနဲ့ပါ ကြုံတွေ့ခံစားလိုက်ရပါတယ်။

Photo Credit : Getty Image

အသက်၂၇နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား လင်ဂတ်ဟာ သူရဲ့ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့ပြီး အသင်းရဲ့ပွဲတချို့မှာသာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ လင်ဂတ်ဟာ မနေ့ညက ကစားသွားခဲ့တဲ့ ဒါဘီအသင်းနဲ့ အက်အေဖလားပွဲမှာတော့ အသင်းနဲ့ ပြန်လည်ပွဲထွက်ခဲ့ရပြီး မိနစ်၉၀အပြည့် ပါဝင်ခဲ့ပေမယ့်လည်း အသင်းအတွက် သွင်းဂိုးရော ဂိုးဖန်တီးပါ ဘာမှလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသလို ပွဲအပြီးတော့လည်း ပရိသတ်တစ်ဦးရဲ့အော်ဟစ်စော်ကားမှုနဲ့ပါ ရင်ဆိုင်လိုက်ခဲ့ရပါတယ်။

Photo Credit : Getty Image

ယူနိုက်တက်အသင်းသားများဟာ မနေ့ညက ဒါဘီနဲ့ပွဲအပြီး အသင်းရဲ့ဘတ်စ်ကားနဲ့ အသင်းအခြေစိုက်ရာ မန်ချက်စတာမြို့ကို ပြန်သွားဖို့ ပြင်ဆင်နေချိန်မှာ ကစားသမားတွေကို ဓါတ်ပုံရိုက် လက်မှတ်တောင်းဖို့ စောင့်ဆိုင်းနေတဲ့ ယူနိုက်တက်ပရိသတ်ထုကြီးကနေ တစ်ဦးတစ်ယောက်က လင်ဂတ်ရဲ့နာမည်နဲ့အတူ “ဂျက်ဆီလူမည်းကောင် “ဂျက်ဆီမင်းကချီးထုပ်ပဲ” ဆိုတဲ့ ရင့်ရင့်သီးသီးစကားလုံးတွေနဲ့ စော်ကားခံလိုက်ရပါတယ်။ ဒီကိစ္စရပ်မှာက အသားအရောင်ခွဲခြားစော်ကားမှုတွေပါ ပါဝင်နေတာကြောင့် ဒါဘီရှိုင်းယားရဲတပ်ဖွဲ့ဝင်များကနေ လင်ဂတ်ကို စော်ကားခဲ့သူက ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာကို လိုက်လံစုံစမ်းလျက်ရှိနေပြီး ဖမ်းဆီးရမိမယ်ဆိုရင်တော့ အရေးယူမှုတွေကို လုပ်ဆောင်သွားမှာဖြစ််ပါတယ်။ လင်ဂတ်ဟာ သူရဲ့ခြေစွမ်းမပြနိုင်မှုတွေကြောင့် ဒီတစ်ရာသီလုံးနီးပါး ပရိသတ်တွေရဲ့လှောင်ပြောင်ခံရမှုတွေနဲ့ ရင်ဆိုင်ရလျက်ရှိနေပါတယ်။