ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် ပြင်သစ်တောင်ပံတိုက်စစ် ကစားသမား အူစမန်ဒမ်ဘီလီကို အချိန်ကာလများစွာ ပစ်မှတ်ထား စောင့်ကြည့်နေကြတဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : 90Min

ဒဏ်ရာပြသာနာတွေနဲ့ မကြာခဏဆိုသလို ရင်ဆိုင်နေရတတ်တဲ့ အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီဟာ လွန်ခဲ့တဲ့ ၂၀၁ရခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီကို မြောက်များစွာသော ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင်(၁၃၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးဖို့ထက် ဒဏ်ရာတွေကြောင့်သာ အသင်းမှာ ဆေးကုသနေချိန်က ပိုများနေရတာ ဖြစ်ပါတယ်။ အခုဆိုရင် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ပါ စာချုပ်သက်တမ်းက သိပ်မကျန်ရှိတော့သလို ဒမ်ဘီလီလို ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ ကစားသမားမျိုးကိုလည်း ဘာစီလိုနာဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ တွန့်ဆုတ်နေတာကြောင့် ဒီအခြေအနေတွေကို လီဗာပူးလ်နဲ့ ယူနိုက်တက်တို့က ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : World Today News

လက်ရှိအချိန်မှာ ဒမ်ဘီလီကို လီဗာပူးလ်အသင်းကနေ အတော်လေးကို စိတ်ဝင်စားလျက်ရှိနေပြီး လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကိုယ်တိုင် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒမ်ဘီလီကို ထည့်သွင်းချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းနဲ့အပြိုင် ဒမ်ဘီလီကို ယူနိုက်တက်အသင်းကလည်း အလိုရှိနေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူနိုင်မယ်ဆိုရင် ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။ လတ်တလောမှာတော့ ဒမ်ဘီလီကို စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ် ဂျာမန်ဘွန်ဒစ်လီဂါရဲ့ အင်အားအကြီးမားဆုံးအသင်း ဘိုင်ယန်မြူးနစ်တို့ကလည်း စောင့်ကြည့်လျက်ရှိနေသလို ပိုင်ရှင်သစ်လက်အောက်မှာ ငွေကြေးသုံးစွဲမှုများစွာ လုပ်ဆောင်သွားဖွယ် ရှိနေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းကလည်း ဒမ်ဘီလီကိုရော သူရဲ့ ဘာစီအသင်းဖော် ကော်တင်ဟိုကိုပါ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ဒမ်ဘီလီဟာ လက်ရှိမှာတော့ ဒဏ်ရာပြသာနာကြောင့် အနားယူနေရတာဖြစ်ပြီး လာမယ့်နိုဝင်ဘာလဆန်းလောက်မှသာ ဘာစီလိုနာအသင်ရဲ့ ပွဲစဉ်တွေကို ပြန်လည်ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။