ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်တိုက်စစ်ကစားသမား မူပေးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သလို ပွဲပြီးဆုံးချိန်မှာလည်း မူပေးရဲ့တစ်ပတ်လုပ်ခနဲ့ပတ်သက်ပြီး လှောင်ပြောင်ဝေဖန်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား မက်တီအိုဂွမ်ဒူဇီကို အာဆင်နယ်နည်းပြအာတီတာက စိတ်ပျက်လာခဲ့လို့ အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေတာကြောင့် သူ့ကို အသင်းပေါင်းများစွာကနေ ပစ်မှတ်ထားနေလျက်ရှိပြီး အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကပါ ဂွမ်ဒူဇီကို ခေါ်ယူချင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Football365

အသက်(၂၁)နှစ်အရွှယ် ပြင်သစ်ကွင်းလယ်ကစားသမားလေး ဂွမ်ဒူဇီဟာ နည်းပြအာတီတာရဲ့ ယုံကြည်မှုမရရှိတဲ့အပြင် ဒီရာသီမှာလည်း အာတီတာကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း (၁၂)ပွဲအတွင်း (၄)ပွဲသာ ပွဲထွက်ကစားခဲ့ရတာဖြစ်လို့ သူအနေနဲ့ အာဆင်နယ်အသင်းကနေ စွန့်ခွာချင်နေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့တဲ့အတွက် သူ့ကို အသင်းပေါင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒီအသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ အင်တာမီလန် ပီအက်စ်ဂျီအသင်းနဲ့ ယူနိုက်တက်အသင်းပါ ပါဝင်လို့နေပြီး နွေစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေကို စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။

Photo Credit : Sky Sports

ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်းကို နည်းပြဟောင်းအူနိုင်းအမ်မရီ ကိုင်တွယ်ခဲ့စဉ်တုန်းက ပြင်သစ်လီဂူးကလပ် လော်ရီးယန့်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အမ်မရီအသင်းကနေ ထုတ်ပယ်ခဲ့ပြီးနောက် အာဆင်နယ်ကို အာတီတာ ပြောင်းလဲကိုင်တွယ်ချိန်ကနေစပြီး ဂွမ်ဒူဇီက ပုံမှန်နေရာပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒီလို နည်းပြရဲ့ယုံကြည်မှုကို မပိုင်ဆိုင်ရသေးတဲ့ ဂွမ်ဒူဇီဟာ ဘရိုက်တန်နဲ့ပွဲမှာပါ ဘောလုံးသမားတစ်ယောက်အတွက် မလုပ်သင့်တဲ့ အပြုအမှုဆိုးတွေအပြင် ပြိုင်ဘက်ကစားသမားအပေါ်မှာပါ ဝင်ငွေပိုင်းနဲ့ပတ်သက်ကာ စကားနာထိုးခဲ့သေးတာကြောင့် အာတီတာက ဂွမ်ဒူဇီအပေါ်မှာ လုံးဝစိတ်ကုန်သွားတာဖြစ်လို့ အသင်းကနေ ရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဂွမ်ဒူဇီအပြင် လာမယ့်နွေစျေးကွက်အတွင်းမှာ အာဆင်နယ်ကနေ ထွက်ခွာသွားဖို့ရှိနေတဲ့ ဂါဘွန်တိုက်စစ်ကစားသမား အူဘာမီယန်းကိုလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားလို့နြေ့ပီး အူဘာကတော့ အာဆင်နယ်ကနေ ထွက်ခွာမယ်ဆိုရင် ပရီးမီးယားလိဂ်အသင်းတွေထက် စီးရီးအေနဲ့ လာလီဂါအသင်းတွေဆီကိုသာ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။