MySport Myanmar

နောဝစ်ချ် ညာနောက်ခံလူ အာရွန်ကို ယူနိုက်တက်နဲ့ အာဆင်နယ် အပြိုင်စိတ်ဝင်စား

BARNSLEY, ENGLAND - MAY 08: Max Aarons of Norwich City holds the Sky Bet Championship trophy during the Sky Bet Championship match between Barnsley and Norwich City at Oakwell Stadium on May 08, 2021 in Barnsley, England. Sporting stadiums around the UK remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Chloe Knott - Danehouse/Getty Images)

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ နောဝစ်ချ်အသင်းရဲ့ အင်္ဂလန် ညာနောက်ခံကစားသမားလေး မက်စ်အာရွန်ကို အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ဘွန်ဒစ်လီဂါ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့့မွန်အသင်းတွေကပါ အာရွန်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သိရှိရပါတယ်။

Photo Credit : Blaugrangram

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်ယူ-၂၁ နောက်ခံအစွန်လူ အာရွန်ဟာ နောဝစ်ချ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ full back ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာလည်း နောဝစ်ချ်စီနီယာအသင်းနဲ့ ပွဲပေါင်း(၁၅၀)ထိတောင် ပါဝင်ကစားထားနိုင်ပါတယ်။ နောဝစ်ချ်အသင်းနဲ့ ချန်ပီယံရှစ် ဆုဖလား(၂)ကြိမ်ထိ ပိုင်ဆိုင်ရရှိထားတဲ့ အာရွန်ဟာ နောဝစ်ချ်အသင်း ပရီးမီးယားလိဂ်ဆီ ပြန်လည်တန်းတတ်လာခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ သူရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် နောဝစ်ချ်က ချန်ပီယံရှစ်ကို တန်းပြန်ဆင်းခဲ့ရပေမယ့် သူ့ကို ဘာစီလိုနာ ရိုးမားအသင်းတွေအပြင် ပရီးမီးယားလိဂ် ကလပ်အသင်းများစွာက စိတ်ဝင်စားခဲ့ကြပြီး ခေါ်ယူသွားဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။

Photo Credit : The Sun

ဒါပေမယ့် အာရွန်က နောဝစ်ချ်အသင်းမှာသာ ဆက်လက်ရှိနေခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံရှစ်မှာ ထပ်မံဖြတ်သန်းခဲ့ရင်းနဲ့ နောက်တစ်ကြိမ် ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို ပြန်ရောက်လာချိန်မှာ သူရဲ့ခြေစွမ်းတွေကို ပြသထားနိုင်တာကြောင့် သူ့ကို ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေက ပစ်မှတ်ထားလာရတာ ဖြစ်ပါတယ်။ ညာခြမ်းရော ဘယ်ခြမ်းမှာပါ ကစားတတ်သူဖြစ်တဲ့ မက်စ်အာရွန်ကို ယူနိုက်တက်အသင်းက ၂၀၂၀ နွေရာသီမှာကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး လက်ရှိ အသင်းရဲ့ ညာခြမ်းခံစစ် ကစားသမားတွေဖြစ်တဲ့ ဝမ်ဘစ်ဆာခါနဲ့ ဒါလော့တို့ရဲ့ စွမ်းဆောင်ရည်ပိုင်းတွေအပေါ် အားရခြင်း မရှိတဲ့အတွက် အာရွန်ကို ခေါ်ယူအားဖြည့်ချင်နေသလို ခံစစ် ညာအစွန်နေရာမှာ တိုမီယာစု တစ်ဦးတည်းသာ ရှိနေပြီး ဘက်တစ်အသင်းဆီ အငှားချထားတဲ့ ဘယ်လာရင်နဲ့ ပြန်လည်ပူးပေါင်းဖို့ မရေရာတဲ့ အာဆင်နယ်အသင်းပါ အာရွန်ကို ယူနိုက်တက်နဲ့အပြိုင် စိတ်ဝင်စားလို့နေပါတယ်။ အာရွန်ရဲ့ လက်ရှိတန်ကြေးက ပေါင်(၁၈)သန်းဝန်းကျင်သာ ရှိနေပြီး နောဝစ်ချ်နဲ့ (၂)နှစ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ရာသီကုန်မှာ ပရီးမီးယားလိဂ်က တန်းဆင်းရတော့မယ့် နောဝစ်ချ်အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေရပါတယ်။

Exit mobile version