စပို႔တင္းလစၥဘြန္းအသင္းရဲ့ အသင္းေခါင္းေဆာင္ ကြင္းလယ္လူျဖစ္တဲ့ ဘ႐ူနို ဖာနန္ဒက္စ္ ဟာ လက္ရွိ ဇန္နဝါရီလအေျပာင္းအေရႊ႕မွာေတာ့ ကြင္းလယ္ပိုင္းမွာ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနတဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းထံကို ေရာက္ရွိဖို႔အတြက္ ႐ုတ္တရတ္ သတင္းႀကီးလာခဲ့ပါတယ္။ အဆိုပါသတင္းကို ေရးသားေဖာ္ျပခဲ့ၾကတဲ့ သတင္းဌာနေတြဟာ နာမည္ႀကီးသတင္းဌာနေတြ ျဖစ္တာေၾကာင့္ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ​။

Photo Credit: Express.com

ယူနိုက္တက္အသင္းဟာ အဓိက ကြင္းလယ္လူႏွစ္ဦးျဖစ္တဲ့ ေပါ့ဘာနဲ႔ ေတာ္မီေနးတို႔ကို ဒဏ္ရာျပႆနာေတြေၾကာင့္ တစ္လနီးပါး လက္လႊတ္ရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရၿပီး အသင္းရဲ့ ကြင္းလယ္ပိုင္းကို မျဖစ္မေန အင္အားျဖည့္တင္းဖို႔ လိုအပ္ေနပါတယ္။ ကနဦးမွာ ယူနိုက္တက္အသင္းဟာ မက္ဒီဆင္ ၊ ဗန္ဒီဘိခ္ ၊ အဲရစ္ဆင္ ၊ ဂရီးလစ္ခ်္စတဲ့ ကစားသမားေတြနဲ႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူနိုင္ေတာ့မွာပါ။

Photo Credit: Express.com

ေပၚတူဂီသတင္းဌာနေတြရဲ့ ေဖာ္ျပခ်က္အရ ယူနိုက္တက္နည္းျပျဖစ္သူ ဆိုးလ္ရွားနဲ႔ လက္ေထာက္နည္းျပျဖစ္သူ မိုက္ဖီလန္တို႔ဟာ ယခုတစ္ပတ္အတြင္းမွာ ဖာနန္ဒက္စ္ရဲ့ ေျခစြမ္းကို လာေရာက္ အကဲခတ္ခဲ့ၾကေၾကာင္း ေဖာ္ျပထားၾကပါတယ္။ ဒါ့အျပင္ ယေန႔ မနက္ အေစာပိုင္းမွာ ထြက္ေပၚခဲ့တဲ့ သတင္းေတြအရ စပို႔တင္းအသင္းရဲ့ ဥကၠဌ ဗာရန္ဒက္နဲ႔ အားကစား ဒါရိုက္တာ ဟူဂို ဗီရာနာတို႔ဟာ လန္ဒန္ၿမိဳ႕ကို ေရာက္ရွိလာခဲ့ၾကၿပီး အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးမွုေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

Photo Credit: Express.com

ဖာနန္ဒက္စ္ဟာ လက္ရွိေဘာလုံးရာသီမွာ စပို႔တင္းအသင္းအတြက္ အမွတ္ေပးပြ​ဲ ၁၄ပြဲ ကစားေပးထားရာမွာ ၆ဂိုးသြင္းယူကာ ၇ဂိုး ဖန္တီးေပးထားနိုင္သူျဖစ္ၿပီး သူ႔အတြက္ေတာ့ ယူနိုက္တက္အသင္းဟာ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ ့ေပါင္၆၀သန္းဝန္းက်င္ ကုန္က်ဖြယ္ရွိတယ္လို႔ ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ လက်ရှိ ဇန်နဝါရီလအပြောင်းအရွှေ့မှာတော့ ကွင်းလယ်ပိုင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းထံကို ရောက်ရှိဖို့အတွက် ရုတ်တရတ် သတင်းကြီးလာခဲ့ပါတယ်။ အဆိုပါသတင်းကို ရေးသားဖော်ပြခဲ့ကြတဲ့ သတင်းဌာနတွေဟာ နာမည်ကြီးသတင်းဌာနတွေ ဖြစ်တာကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ​။

Photo Credit: Express.com

ယူနိုက်တက်အသင်းဟာ အဓိက ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ပေါ့ဘာနဲ့ တော်မီနေးတို့ကို ဒဏ်ရာပြဿနာတွေကြောင့် တစ်လနီးပါး လက်လွှတ်ရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ကနဦးမှာ ယူနိုက်တက်အသင်းဟာ မက်ဒီဆင် ၊ ဗန်ဒီဘိခ် ၊ အဲရစ်ဆင် ၊ ဂရီးလစ်ချ်စတဲ့ ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်တော့မှာပါ။

Photo Credit: Express.com

ပေါ်တူဂီသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နည်းပြဖြစ်သူ ဆိုးလ်ရှားနဲ့ လက်ထောက်နည်းပြဖြစ်သူ မိုက်ဖီလန်တို့ဟာ ယခုတစ်ပတ်အတွင်းမှာ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို လာရောက် အကဲခတ်ခဲ့ကြကြောင်း ဖော်ပြထားကြပါတယ်။ ဒါ့အပြင် ယနေ့ မနက် အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ စပို့တင်းအသင်းရဲ့ ဥက္ကဌ ဗာရန်ဒက်နဲ့ အားကစား ဒါရိုက်တာ ဟူဂို ဗီရာနာတို့ဟာ လန်ဒန်မြို့ကို ရောက်ရှိလာခဲ့ကြပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo Credit: Express.com

ဖာနန်ဒက်စ်ဟာ လက်ရှိဘောလုံးရာသီမှာ စပို့တင်းအသင်းအတွက် အမှတ်ပေးပွ​ဲ ၁၄ပွဲ ကစားပေးထားရာမှာ ၆ဂိုးသွင်းယူကာ ၇ဂိုး ဖန်တီးပေးထားနိုင်သူဖြစ်ပြီး သူ့အတွက်တော့ ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေးအနေနဲ့ ့ပေါင်၆၀သန်းဝန်းကျင် ကုန်ကျဖွယ်ရှိတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။