MySport Myanmar

တိုက်စစ်ပိုင်း အားဖြည့်ဖို့အတွက် ရစ်ချာလီဆန်ကို ဦးစားပေး ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အက်ဒီဆင်ကာဗာနီနဲ့ အန်တိုနီမာစီယဲလ်တို့ကို လက်လွတ်သွားရနိုင်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် ဒီကစားသမားတွေသာ အသင်းနဲ့ လမ်းခွဲဖြစ်မယ်ဆိုရင် သူတို့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အဲဗာတန်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ပစ်မှတ်ထားနေတယ်လို့ GOAL မီဒီယာကနေ အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : Youtube

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ၂၀၁၇ခုနှစ်ကမှ ဝက်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ စတင်ကျင်လည်ခဲ့တာဖြစ်ပြီး ၂၀၁၈မှာပဲ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ကာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ အဲဗာတန်အသင်းနဲ့ (၅)နှစ်စာချုပ်ထိ ချုပ်ဆိုထားခဲ့တဲ့ ရစ်ချာလီဆန်ကို တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိလာနိုင်တဲ့ ယူနိုက်တက်အသင်းဘက်က ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကလည်း ယူနိုက်တက်အသင်းဟာ ရစ်ချာလီဆန်ရော သူရဲ့အဲဗာတန်အသင်းဖော် ကဲလ်ဗတ်လီဝင်ကိုပါ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : VOI

အဲဗာတန်အသင်းအတွက် စုစုပေါင်းသွင်းဂိုး (၄၇)ဂိုးအထိ သွင်းယူထားနိုင်ပြီး စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးတဲ့ ရစ်ချာလီဆန်ကို ယူနိုက်တက်အသင်းဘက်က အမှန်အကန် အလိုရှိနေပြီး လက်ရှိ အနေအထားအရ ခေါ်ယူဖို့ ခက်ခဲနိုင်ပေမယ့်လည်း တကယ်လို့ အဲဗာတန်အသင်းသာ ရလဒ်ဆိုးတွေကနေ မရုန်းထွက်နိုင်ပဲ တန်းဆင်းသွားခဲ့ရမယ်ဆိုရင်တော့ ရစ်ချာလီဆန်ကို သူရဲ့လက်ရှိတန်ကြေးထက် သက်သက်သာသာနဲ့ကို ခေါ်ယူသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရစ်ချာလီဆန်ကို ယူနိုက်တက် တစ်သင်းတည်းကသာ စိတ်ဝင်စားနေတာ မဟုတ်ပဲ အဲဗာတန်နည်းပြဟောင်း အန်စလော့တီကလည်း ရစ်ချာလီဆန်ကို သူရဲ့လက်ရှိကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီ ခေါ်ဆောင်ချင်နေသလို ဘာစီလိုနာအသင်းကလည်း ရစ်ချာလီဆန်ကို စိတ်ဝင်စားလို့ နေပါတယ်။ ရစ်ချာလီဆန်က ဒီရာသီမှာ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၄)ဂိုးသာ သွင်းယူထားနိုင်ပေမယ့် ငယ်ရွှွယ်ပြီး ဘောလုံးကျွမ်းကျင်မှုကောင်းတဲ့ တိုက်စစ်ကစားသမားဖြစ်လို့ ယူနိုက်တက်အသင်းဘက်က အလိုရှိနေတာဖြစ်သလို လာမယ့်နွေမှာလည်း အသင်းရဲ့ တိုက်စစ်ပိုင်းက မမျှော့်လင့်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တာကြောင့် အခုလို ရစ်ချာလီဆန်ကို ပစ်မှတ်ထားနေရတာ ဖြစ်နိုင်ပါတယ်။

Exit mobile version