လတ္တေလာမွာ ဒဏ္ရာရကစားသမားေတြ မ်ားျပားေနတဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အသင္းရဲ့အားအနည္းဆုံးေနရာ အျဖစ္ သတ္မွတ္ခံထားရတဲ့ ကြင္းလယ္ေနရာကို အင္အားျဖည့္တင္းဖို႔အတြက္ စတင္ၿပီးေတာ့ ႀကိဳးပမ္းေနတယ္လို႔ သိရွိရပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ရဲ့ ပစ္မွတ္ကစားသမားေတြျဖစ္တဲ့ မက္ဒီဆင္ ၊ ေလာင္းစတပ္ဖ္နဲ႔ ရာဘီေယာ့စ္တို႔ကို သက္ဆိုင္ရာအသင္းေတြက လက္လႊတ္ဖို႔ ဆႏၵမရွိတာေၾကာင့္ ယူနိုက္တက္အသင္းဟာ ကြင္းလယ္ကစားသမားသစ္ ေခၚယူဖို႔အတြက္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

Photo Credit: Express.com

ေပါ့ဘာ ၊ ဖရက္ဒ္ ၊ ေတာ္မီေနး ၊ မာတစ္ စတဲ့ ကစားသမားေတြသာ ကြင္းလယ္အထိုင္ေနရာအတြက္ရွိတဲ့ ယူနိုက္တက္အသင္းဟာ လက္ရွိမွာ ေပါ့ဘာနဲ႔ေတာ္မီေနးတို႔ကို ဒဏ္ရာျပႆနာေတြေၾကာင့္ လက္လႊတ္ခဲ့ရကာ လက္ရွိမွာ မာတစ္နဲ႔ဖရက္ဒ္တို႔ ႏွစ္ဦးကသာ ႀကံ့ခိုင္မွု ျပည့္ဝေနတာပါ။ ဒါေပမယ့္လည္း မာတစ္ဟာ အသက္အရြယ္ေၾကာင့္ အရင္လို ေျခစြမ္းကို မရနိုင္ေတာ့တာဟာ ယူနိုက္တက္အသင္း ရင္ဆိုင္ေနရတဲ့ ျပႆနာတစ္ခုထဲက တစ္ခုပဲ ျဖစ္ပါတယ္။

Photo Credit: Express.com

ၿဗိတိန္အေျခစိုက္ သတင္းဌာနေတြကေတာ့ မန္စီးတီးအသင္းကို သုံးဂိုး တစ္ဂိုးနဲ႔ ရွုံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ယူနိုက္တက္အသင္းဟာ အသင္းအတြက္ ကြင္းလယ္ ကစားသမားအသစ္ကို ေခၚယူဖို႔ အပူတျပင္းႀကိဳးပမ္းလာတယ္လို႔ သိထားရပါတယ္။ လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရ ယူနိုက္တက္အသင္းဟာ ေအဂ်က္အသင္းရဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေခၚယူဖို႔ တရားဝင္ ခ်ိတ္ဆက္မွုေတြ ျပဳလုပ္ခဲ့ၾကတယ္လို႔ ၾကားသိခဲ့ရပါတယ္။

Photo Credit: Express.com

ေအဂ်က္အသင္းရဲ့ အဓိက ကြင္းလယ္ ကစားသမားျဖစ္တဲ့ ဗန္ဒီဘိခ္ဟာ ကြင္းလယ္အထိုင္ ကစားသမားတစ္ဦးျဖစ္ကာ အသက္ငယ္သလို ေျခစြမ္းကလည္း ထက္ျမက္တာေၾကာင့္ နည္းၿပ ဆိုးလ္ရွားလိုခ်င္တဲ့ အရည္အေသြးနဲ႔ ကိုက္ညီတဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ေဘာလုံးကၽြမ္းက်င္သူေတြကေတာ့ ဗန္ဒီဘိခ္ကို ေခၚယူနိုင္ဖို႔ ယူနိုက္တက္အေနနဲ႔ ေပါင္၅၀သန္း ဝန္းက်င္ သုံးစြဲရမွာျဖစ္ေၾကာင္း ခန႔္မွန္းထားၾကၿပီး ဗန္ဒီဘိခ္ဘက္ကလည္း ယူနိုက္တက္ထံ ေျပာင္းေရႊ႕လိုေၾကာင္း နီးစပ္သူေတြက ဖြင့္ဟထားခဲ့ၾကပါတယ္။

လတ်တလောမှာ ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့အားအနည်းဆုံးနေရာ အဖြစ် သတ်မှတ်ခံထားရတဲ့ ကွင်းလယ်နေရာကို အင်အားဖြည့်တင်းဖို့အတွက် စတင်ပြီးတော့ ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမားတွေဖြစ်တဲ့ မက်ဒီဆင် ၊ လောင်းစတပ်ဖ်နဲ့ ရာဘီယော့စ်တို့ကို သက်ဆိုင်ရာအသင်းတွေက လက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Express.com

ပေါ့ဘာ ၊ ဖရက်ဒ် ၊ တော်မီနေး ၊ မာတစ် စတဲ့ ကစားသမားတွေသာ ကွင်းလယ်အထိုင်နေရာအတွက်ရှိတဲ့ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပေါ့ဘာနဲ့တော်မီနေးတို့ကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ခဲ့ရကာ လက်ရှိမှာ မာတစ်နဲ့ဖရက်ဒ်တို့ နှစ်ဦးကသာ ကြံ့ခိုင်မှု ပြည့်ဝနေတာပါ။ ဒါပေမယ့်လည်း မာတစ်ဟာ အသက်အရွယ်ကြောင့် အရင်လို ခြေစွမ်းကို မရနိုင်တော့တာဟာ ယူနိုက်တက်အသင်း ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုထဲက တစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit: Express.com

ဗြိတိန်အခြေစိုက် သတင်းဌာနတွေတော့ မန်စီးတီးအသင်းကို သုံးဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ယူနိုက်တက်အသင်းဟာ အသင်းအတွက် ကွင်းလယ် ကစားသမားအသစ်ကို ခေါ်ယူဖို့ အပူတပြင်းကြိုးပမ်းလာတယ်လို့ သိထားရပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အေဂျက်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကြားသိခဲ့ရပါတယ်။

Photo Credit: Express.com

အေဂျက်အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားဖြစ်တဲ့ ဗန်ဒီဘိခ်ဟာ ကွင်းလယ်အထိုင် ကစားသမားတစ်ဦးဖြစ်ကာ အသက်ငယ်သလို ခြေစွမ်းကလည်း ထက်မြက်တာကြောင့် နည်းပြ ဆိုးလ်ရှားလိုချင်တဲ့ အရည်အသွေးနဲ့ ကိုက်ညီတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေကတော့ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အနေနဲ့ ပေါင်၅၀သန်း ဝန်းကျင် သုံးစွဲရမှာဖြစ်ကြောင်း ခန့်မှန်းထားကြပြီး ဗန်ဒီဘိခ်ဘက်ကလည်း ယူနိုက်တက်ထံ ပြောင်းရွှေ့လိုကြောင်း နီးစပ်သူတွေက ဖွင့်ဟထားခဲ့ကြပါတယ်။