MySport Myanmar

ပေါ့ဘာရဲ့နေရာအတွက် လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို မျက်စိကျနေတဲ့ မန်ယူ

AURONZO DI CADORE, ITALY - JULY 15: Sergej Milinkovic Savic of SS Lazio in action during the SS Lazio pre-season training camp on July 15, 2019 in Auronzo di Cadore, Italy. (Photo by Marco Rosi/Getty Images)

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် ပေါ့ဘာရဲ့ နေရာကို အစားထိုးဖို့ အတွက် လာဇီယိုနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်ဘက်က ပေါ့ဘာကို တပတ် လုပ်ခလစာ ပေါင် ၄သိန်း အထိ ပေးချေပါ့မယ် ဆိုတဲ့ အချက်နဲ့ စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ပေါ့ဘာကတော့ အသင်းပြောင်းဖို့ တာစူနေပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ပေါ့ဘာရဲ့နေရာကို အစားဝင်နိုင်မယ့် ဗဟိုကွင်းလယ်လူ တဦးကို စတင် ရှာဖွေနေရာ လာဇီယိုနဲ့အတူ တောက်ပနေတဲ့ ဆားဘီးယား ကွင်းလယ်ကြယ်ပွင့် ဆာဗစ်က သူတို့အသင်းရဲ့ နံပါတ်တစ် အပြောင်းအရွှေ့ ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ဆားဘီးယား ကွင်းလယ်ကြယ်ပွင့် မီလင်ကိုဗစ် ဆာဗစ်ဟာ လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ်လူ ၅ဦး စာရင်းဝင်နေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း လာဇီယို အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

 

Photo Credit: Express

ဆာဗစ်ဟာ လာဇီယိုရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရပေမယ့် သူ့ရဲ့ ကစားသမား ဘဝကို မြှင့်တင်နိုင်ဖို့ ရာသီကုန်မှာ ဥရောပရဲ့ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေကာ ဆာဗစ်ရဲ့ အေးဂျင့်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတို့ ကြားထဲမှာ ဆွေးနွေးမှု တချို့ ပြုလုပ်ထားကြောင်း ဆာဗစ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်က ဆာဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးထားပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ဆာဗစ်ကို ခေါ်ယူချင်ရင် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိနေကြောင်း သိရပါတယ်။

Exit mobile version