ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် မပိတ်သိမ်းမီမှာ ဝုဗ်အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ရူဘင် နီဗက်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ မြင့်တက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဂိုးသမာ တွမ်ဟီတန် ၊ နောက်ခံလူ ဗာရန်း ၊ ညာတောင်ပံ ကစားသမား ဆန်ချိုနဲ့ တိုက်စစ်မှူး ရိုနယ်ဒိုတို့ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် သုံးစွဲကာ ခေါ်ယူထားတဲ့ အသင်းတသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းဟာ အားနည်းချက် တခု အဖြစ် ရှိနေဆဲပါ။

Photo Credit: Metro

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် မပိတ်သိမ်းမီ ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ နီဗက်ကို ခေါ်ယူဖို့ ကြိုးစားမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး အင်္ဂလန် အခြေစိုက် လောင်းကစား ကုမ္ပဏီတွေ ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရူဘင် နီဗက် ရောက် ၊ မရောက်ကို လောင်းကြေး ဖွင့်ထားကြပါတယ်။

နာမည်ကျော် လောင်းကစား ကုမ္ပဏီတခု ဖြစ်တဲ့ Sky Betရဲ့ နီဗက် တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်မယ် ဆိုတဲ့ အချက်အပေါ် ကြေးဖွင့်မှုဟာ ၂လေး ၁လေး ရှိပြီး ဒါဟာ အတော်လေးကို မြင့်မားတဲ့ ဖြစ်နိုင်ချေ တရပ်ကို ညွှန်းဆိုတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နီဗက်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့ လူတွေ ပိုများလာပါတယ်။

Photo Credit: Metro

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းက ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ နီဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဟာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ရူဘင်နီဗက်ကို တကယ်ပဲ ခေါ်ယူနိုင်မလား ၊ ဒါမှမဟုတ် မခေါ်ယူနိုင်ဘူးလား ဆိုတာကို စောင့်ကြည့်သွားရမှာပါ။