MySport Myanmar

ဆန်ချိုကို ရောင်းဖြစ်ရင် ခွာရတ်စကယ်လီယာကို ပြန်ခေါ်ဖို့ စဉ်းစားထားတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကို လာမယ့် ဆောင်းဈေးကွက် (သို့) နွေဈေးကွက် အတွင်းမှာ ရောင်းချဖြစ်ခဲ့ရင် နာပိုလီရဲ့ တောင်ပံတိုက်စစ် ကစားသမား ခွာရတ်စကယ်လီယာကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မိုက် ကီဂန်းက ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ၂၀၂၁ခုနှစ်မှာ ဒေါ့မွန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေက ဆန်ချိုဟာ အသင်းမှာ တောက်ပလာလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဆန်ချိုက ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Goal

ဂျေဒန် ဆန်ချိုက ၂နှစ်ကျော် ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၈၂ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့သလို မကြာသေးမီကလည်း ဆန်ချိုဟာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်နဲ့ လူသိရှင်ကြား စကားများခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်နဲ့ နွေဈေးကွက်တွေမှာ ဆန်ချိုကို ရောင်းထုတ်ဖို့ စဉ်းစားထားကြသလို ဆန်ချိုရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမားတွေကိုလည်း အခုထဲက လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် မိုက် ကီးဂန်းရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဆန်ချိုကို ရောင်းချပြီးရင် နာပိုလီကြယ်ပွင့် ခွာရတ်စကယ်လီယာကို ခေါ်ယူဖို့ မျက်စိကျနေပြီး ယူနိုက်တက်ဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ခွာရတ်စကယ်လီယာကို ခေါ်ယူရန် ကြိုးစားဖွယ် ရှိနေကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ဂျော်ဂျီယာ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ခွာရတ်စကယ်လီယာက နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၄ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၈ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး နာပိုလီကတော့ ခွာရတ်စကယ်လီယာ အတွက် အနိမ့်ဆုံး ယူရို ၁၀၀သန်း တောင်းဆိုဖွယ် ရှိပါတယ်။

Exit mobile version